Wednesday, November 30, 2011

Beijing Restaurant in Abu Dhabi

ပြီးခဲ့တဲ့ ၁၂ရက်နေ့က အမကြီး မငယ်ရဲ့ မွေးနေ့ ဘေဂျင်း စားသောက်ဆိုင်မှာလိုက်ကျွေးတယ်။ ကျမတို့ မိသားစုနဲ့ အမ မငယ်နဲ့ပဲပေါ့။ ဒီမှာ စားဖူးသမျှ တရုတ်ဆိုင်တွေထဲ မှာတော့ စားရတာ အကောင်းဆုံးပဲ။ ကျမ စားလို့ ကြိုက်တာပြောတာပါ တခြားလူတွေတော့ မသိဘူး။ မငယ်က ဒီကို ရောက်ပြီး ပထမဆုံးခင်တဲ့ လူတွေထဲက တယောက်ပေါ့။ သမီးငယ်လေး ကိုယ်ဝန်ရှိစကနေ မွေးတဲ့ထိလဲ ကူညီပေးခဲ့တယ်။ အမှန်တော့ အမရဲ့မွေးနေ့က ၁၃ရက်နေ့မှရောက်မှာ။ ၁၂ ရက်နေ့က ပိတ်ရက်မို့ ကြိုကျွေးတာလေ။ လူတွေက တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာမို့ ကျမချစ်ရတဲ့ အမကြီးတယောက်ကို ဝေးသွားတဲ့အခါ ပြန်သတိရ နေဖို့ မွေးနေ့ အမှတ်တရ အနေနဲ့ ဘလော့ဂ်လေးမှာ မှတ်တမ်းတင် ထားတာပါ။ အမ မငယ် ၄၃ နှစ်မြောက် မွေးနေ့မှ သည် အသက်ရှင်သမျှကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒတွေ အားလုံးပြည့်ဝပါစေ...

ဒီဆိုင်မှာ ကျွေးတာ
ကော်ပြန့်ကြော်

ငါးချဉ်စပ် (စပ်ပဲစပ်တယ် မချဉ်ဘူး)
ပဲသီးကြော်
ဘဲကင်
ထမင်း
ကြက်သားနဲ့သီးစုံကြော်
အရည်သောက်တော့ ရေနွေးကြမ်းပဲ သောက်လိုက်တယ်
 
ရွှေဖယုံသီးကြော်
ပဲသီးကြော်နဲ့ ရွှေဖရုံသီး ကြော် အကြိုက်ဆုံး။



Sunday, November 27, 2011

My lovely daughters (1)

Thoon & Shinn

Shinn

Shinn

Shinn

Shinn

Thonn

Thonn

Thonn

Thonn

၅လပြည့် အမှတ်တရ (Height=65cm, Weight=8kg)
ဒီနေ့ သမီးလေး ၅လပြည့်တယ်နော်။ ဒီလသမီးလေး ကိုယ်အလေးချိန်မတက်ဘူး။ နေမကောင်းဖြစ်သွားတာရော နို့မ၀တာရောပေါ့။ သမီးလေး သနားပါတယ်... အာဟာရမှုန့်နဲ့လဲ မတည့်ပြန်ဘူး။ အလာဂျီတွေဖြစ်တယ်။ သမီးလေကို ၆လပြည့်မှ ဆန်ပြုတ်တိုက်မယ် စိတ်ကူးထားတာ ခုတော့ မရတော့ဘူး မနက်ဖြန်ပဲ တိုက်တော့မယ်။ မေကြီးလဲ ဘယ်ဘ၀က ၀တ်ကြွးလဲ မသိပါဘူး ကိုယ့်ကလေးကိုတောင် နို့လုံလောက်အောင်တိုက်ဖို့ နို့မထွက်ဘူး။ စားသမျှ လူပဲဝလာတယ်။ သမီးလေးငါးလပြည့်တဲ့အချိန်မှာ ကောင်းကောင်း မှောက်နိုင်ပြီ၊ မှောက်တဲ့ အနေအထားကနေ ပက်လက်ပြန်လှန်နိုင်ပြီ၊ အရာဝတ္တုတွေကို ကိုင်နိုင်ပြီ၊ ဆံပင်လဲဆွဲတတ်ပြီ၊ သူ့ကို မခေါ်ပဲ ထွက်သွားရင်လဲ ငိုတတ်ပြီ။ သမီးလေး ၂ယောက်လုံး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေရင် မေကြီး ကျေနပ်ပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ကျန်းမာရေးတော့ ဂရုစိုက်ကြပါနော်။ စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ....

Thursday, November 24, 2011

ဟိုတွေးဒီတွေး

ဒီနေ့ မိုးအုံ့တယ်။ ၁၂နာရီကျော်သွားပြီဆိုတော့ မနေ့က ဖြစ်သွားပြီပေါ့။ လေတိုက်တာလဲ မိုးနံ့လေးရတယ်။ ဒီမှာက မိုးရွာခဲတယ်။ တနှစ်တခါပဲ ရွာတယ် ရွာရင်လဲ စိုတယ်ဆိုယုံလေး။ မိုးရွာတာ မမြင်ရတာကြာပြီ။ ဒီနေ့မိုးရွာရင်ကောင်းမှာပဲလို့ ဆုတောင်းမိတယ်။ ဆုတောင်းပြည့်ရင်တော့ ငှက်ကလေးတွေ ကြောင်ကလေးတွေ သနားစရာနော်။ ထူးခြားတယ် ဒီမှာ ခွေးမတွေ့ရဘူး။ ကြောင်တွေ ရှိပေမယ့် လမ်းဘေးမှာပဲ နေပြီး အမှိုက်ပုံမှာပဲ စားကြတယ်။ သူတို့ကို ဒီကလူတွေက အိမ်မှာမမွေးကြဘူး။

မိုးရွာတာကို သတိရတာနဲ့ မြန်မာပြည်ကို သတိရမိတယ်။ ငယ်ငယ်တုန်းက မိုးရွာထဲမှာ ဆော့ခဲ့တာတွေ မြင်ယောင်နေမိတယ်။ မိုးရွာရင် မိုးရေချိုးတယ် သရက်သီးတွေ လိုက်ကောက်တယ် ပျော်တယ်။ ကြီးလာတော့ရော မိုးရွာတာကို ကြိုက်တာပဲ.. မိုးရွာနေတဲ့အချိန် အိမ်ထဲမှာရှိနေရင် အိပ်ယာထဲမှာ စောင်ကလေးခြုံပြီး စာအုပ်လေးဖတ်လိုက် ကော်ဖီလေးသောက်လိုက်ပေါ့။ အပြင်မှာဆို မိုးရွာတာကို တနေရာကနေ ထိုင်ကြည့်ရင်ကြည့် ကြည့်လို့အားမရရင် မိုးရွာထဲ လမ်းလျောက်တယ်လေ။ နွေ မိုး ဆောင်း သုံးရာသီထဲမှာ မိုးရာသီကို အကြိုက်ဆုံးပဲ။

သမီးတို့အဖေလဲ မိုးရာသီကို အကြိုက်ဆုံးဆိုတော့ ချစ်သူဖြစ်ကြတော့လဲ မိုးရွာထဲ လျောက်သွားဘူးတယ်။ သူငယ်ချင်း ဘ၀တုန်းကလဲ မိုးရွာထဲ သွားဘူးတာပါပဲလေ။ ချစ်သူတွေဆိုတော့ အရူးအမူးချစ်ခဲ့ဖူးတာတွေ သတိရမိပြန်ရော။ ခုတော့ အဲ့ဒါတွေ ပြန်မရနိုင်တော့ပါဘူးလေ။ အိမ်ထောင်သည်ဘ၀နဲ့ သမီးရည်းစားဘ၀က မတူနိုင်ဘူးပေါ့လေ။ ခုတော့လဲ သမီးလေး၂ယောက်နဲ့ဆိုတော့ ပိုပြည့်စုံသွားတယ်ပေါ့။ အကောင်းဘက်က တွေးလိုက်တော့ စိတ်ချမ်းသာတာပေါ့။

မိုးရွာတာ ကြိုက်လား မကြိုက်လား နာဂစ်ဖြစ်တုန်းက သမီးကြီး ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့။ အမျိုးသားက အဝေးမှာ။ အားလုံးက ဗိုက်နာမှာ စိုးရိမ်နေကြတာ။ ကိုယ်ကတော့ အေးဆေးပဲ စာအုပ်လေးဖတ်ပြီး ခေါက်ဆွဲကြော် စားကြမယ်လေ ဆိုပြီး မေကြီးကို ပူဆာသေးတာ။ ဘယ်နေရာတွေ မှာမုန်တိုင်းတိုက်နေတယ် မသိတော့။ ဖေကြီးကိုတော့ စိတ်ပူမိပါတယ်လေ။ ဖေကြီးက မြို့ထဲမှာနေတာ တယောက်တည်း။ ဒါပေမယ့် ကိုယ်လဲ ဘာမှမှ လုပ်လို့မရပဲ။

လယ်ကွင်းထဲမှာ နေတဲ့သူတွေအတွက်လဲ တွေးပူလိုက်သေးတယ်။ ဒါပေမယ့်လဲ ဖေကြီးပြောတဲ့အတိုင်းပဲ သမီးက ပူပင်သောကနည်းတယ်တဲ့။ ဖေကြီးပြောတုန်းကတော့ ဟုတ်လို့လားလို့ သံသယဖြစ်မိပေမယ့် ခုပြန်တွေးကြည့်တော့လဲ ဟုတ်နေတာပဲ။ ခုတော့ သမီး၂ယောက် အတွက် ပူစရာတွေရှိလာပါပြီလေ။ ဘေးအိမ်မှာနေတဲ့ အဒေါ်က အမျိုးသားက အဝေးမှာ သမီးနှစ်ယောက်နဲ့ နေတာဆိုတော့ သူဆို ကြောက်လို့ငိုတယ်တဲ့။ မုန်တိုင်းပြီးမှ ပြန်ပြောပြလို့ ကိုယ်က အံသြနေသေး။ ကိုယ်လဲ သူ့နေရာမှာဆို ဖြစ်ချင်ဖြစ်မှာပေါ့လေ။

နောက်နှစ်မိုးရာသီတော့ မြန်မာပြည်မှာ ရှိနေမှာပါလေ။ နောက် ၆လလောက်တော့ စောင့်ရမှာပေါ့။ ဒီနေ့ဆုတောင်းမပြည့်ပါဘူး မိုးမရွာဘူး။ မိုးလေးအုံ့နေတုန်းကတော့ ကော်ဖီလေးဖျော်ပြီး ကမန်းကတန်း အမှတ်တရာ သောက်လိုက်သေးတယ်။ ခုက ဇိမ်ကလေးနဲ့မှ သောက်လို့မရတော့ပဲ။ ကလေးအမေဖြစ်နေပြီကိုး။ ကလေးအမေဆိုလို့ သမီးငယ်လေးလဲ ဒီနေ့မှ နေကောင်းသွားတာ။ လွန်ခဲ့တဲ့ ၂ရက်က ဖျားနေတာလေ။ အင်း အတွေးတွေကို လိုက်ရေးရင်ဆုံးတော့မှာ မဟုတ်ပါဘူး။ အိပ်တာပဲကောင်းပါတယ်။

တိမ်ပုံလေးတွေကို အိမ်ပြူတင်းပေါက်ကနေ လှမ်းရိုက်ထားတယ်။












နို့ကော်ဖီ
ဘာလဲနို့ကော်ဖီ နို့တိုက်မိခင်ဆိုတော့ ကော်ဖီမသောက်ရဘူး။ နို့ကို low fat သောက်ရမယ်ဆိုတော့ နို့လဲ မကြိုက်ပြန်ဘူး မသောက်လို့လဲမရဘူးဆိုတော့ ဆုကော်ဖီမှုန့်ကို နှပ်ထားပြီး နို့ထဲကို အရောင်ပါတယ် ဆိုရုံလေး ထည့်သောက်လိုက်တော့ နို့ကော်ဖီ ဖြစ်သွားတယ်။

Monday, November 21, 2011

Tchibo (or) Brand For Less

Tchibo ဆိုင်လေးကို မိတ်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ အဓိက ဈေးသက်သာလို့ပါ။ ကျမနေတဲ့ မြို့မှာတော့ Tchibo(TCM) မှာ factory outlet တွေပဲရောင်းတာပါ။ ဒါကြောင့် ဈေးချိုပါတယ်။ ဈေးချိုပြီး ပစ္စည်းတွေလဲ ပေးရတာထက်တန်အောင် ကောင်းတယ်လို့ထင်ပါတယ်။ အိမ်သုံးပစ္စည်း၊ အ၀တ်အထည်၊ အရုပ်၊ အိတ်၊ မျက်မှန်၊ နာရီနဲ့ ဖန်စီပစ္စည်းလေးတွေ ရနိုင်ပါတယ်။ တခါတရံ furniture လေးတွေတောင်တွေ့ ရတတ်ပါတယ်။

ကျမ အမေဆို အဲ့ဒီဆိုင်ကပဲ အမြဲဝယ်ပါတယ်။ သူအကြိုက်ဆုံးကတော့ ပါဝါမျက်မှန်လေးတွေပါ။ အဲ့ဒီဆိုင်က မျက်မှန်ကိုင်းလေးတွေက ဖိုက်ဘာနဲ့ လုပ်ထားတာလေးတွေဆိုတော့ ပေါ့ပေါ့လေးတွေပါ။  မေကြီးက အဲ့ဒီမျက်မှန်လေးတွေ ၀ယ်ပြီး ဆိုင်မှာ မျက်စိစမ်းပြီး မှန်လဲပြီးတော့ သုံးပါတယ်။ ကျမ၀ယ်တာကတော့ ကလေး ပစ္စည်းတွေပေါ့။ အဲ့ဒီဆိုင်မှ မဟုတ်ပါဘူး ဘယ်ဆိုင်ဝယ်ဝယ် ကိုယ့်အတွက်မပါပဲ ကလေးတွေအတွက်ပဲ ပါလာတတ်တယ်လေ။

ဒီမှာက နာမည်ကြီးတံဆိပ်တွေဆို AED 100 အထက်ပေးရပါတယ်။ ကျမကတော့ ပေါချောင်ကောင်းကြိုက်လို့လားတော့ မသိဘူး အဲ့ဒီဆိုင်လေးကို သဘောကျပါတယ်။
ရောက်ခါစကတော့ အကြောင်းမသိသေးတော့ ၁၀၀ကျော်လဲဝယ် ၂၀၀လဲဝယ်နဲ့ ၀ယ်ပါတယ်။ ခုတော့ နေတာလဲ နဲနဲကြာ သူငယ်ချင်းတွေကလဲ ပြောတော့ discount ချတဲ့အချိန်ပဲ တနှစ်စာစုပြီး ၀ယ်ဖြစ်ပါတယ်။ ဒီမှာ sales ချတဲ့အချိန်တွေကတော့ တော်တော်များပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလကုန်ကနေ ဇန်န၀ါရီလကုန် အထိချတဲ့အချိန်က အတန်ဆုံးပါ နောက်ဆုံး sales ဆို 75% ထိချတတ်ပါတယ်။ TCM ကိုတော့ ရောက်တိုင်းဝင်ကြည့်မိမြဲ ကလေးတွေအတွက်တွေ့တိုင်း ၀ယ်မိပါတယ်။

အဘူဒါဘီမှာတော့ Khalidiya Mall, Mushrif Mall နဲ့ Abu Dhabi Mall နားက Abu Dhabi Co-operative မှာရှိပါတယ်။ ဒါက ကျမသိတဲ့နေရာတွေပါ။ ကျမ မသိသေးတဲ့နေရာတွေ မှာလဲ ရှိချင်ရှိနိုင်ပါတယ်။ Brands for Less ဆိုတဲ့နာမည်နဲ့လဲ Hamdan Street မှာတဆိုင် ရှိပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေကတော့ အတူတူပါပဲ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောက်ဖြစ်တော့ ၀ယ်ခဲ့တာလေးတွေပါ။

မေကြီးကြိုက်တယ်ဆိုတဲ့ မျက်မှန်

AED 21
အဖျားတိုင်းဖို့ သာမိုမီတာ AED 22
ထည့်ချင်တာထည့်ဖို့ Toys Bag (32 AED)

သမီးကြီးအတွက် (29 AED)

အေးလာပြီဆိုတော့ အနွေးထည်လိုပြီလေ
AED 33
သမီးကြီး အတွက်
AED 39
သမီးငယ် အတွက်
AED 49
သမီးငယ် အတွက်
AED 49
သမီးငယ် အတွက်
မေကြီးဝယ်တာ ဖန်စီနားကပ်နှင့် ဆွဲကြိုး (AED 49)

ဒါက အရင်ထဲက ၀ယ်ထားတာ AED 59 ထင်တယ်...



ဒီနာရီအကြောင်း ကြွားချင်လို့ ထည့်ထားတာ :) ကျမနဲ့ အမတယောက်နဲ့ ဆင်တူဝယ်ထားတာ။ တခါတည်း အတူတူ ၀ယ်တာတော့မဟုတ်ဘူး။ တရက် ကျမ သူငယ်ချင်းအိမ်သွားတော့ ဓါတ်လှေခါးထဲ အ၀င် ဓါတ်လှေခါးရဲ့ တံခါးက အလိုလိုပြန်ပိတ်တော့ ကျမညှပ်မိမလိုဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ဒီနာရီပတ်ထားတော့ နာရီနဲ့ ဓါတ်လှေခါး တံခါးတိုက်မိတယ် တော်တော်တော့ အရှိန်ပြင်းတယ် ကျမတောင် နဲနဲနာသွားတယ်လေ။ ငါ့နာရီတော့ ကွဲပြီထင်တယ်ဆိုပြီး ကြည့်လိုက်တာ မကွဲတဲ့အပြင် အက်လဲမအက်ဘူး ခြစ်ရာတောင် မထင်ဘူး။ အဲ့ဒါကို မြင်ပြီး အဲ့ဒီအမက ကြိုက်လို့ဆို သူလဲ သွားဝယ်တယ်လေ။ သူကျတော့ အဲ့ဒီနာရီဝတ်ပြီး ရေထဲကို မေ့ပြီးနာရီ မချွတ်ပဲ ဆင်းဆော့တာ လုံးဝ ရေမ၀င်ဘူးတဲ့။ ဒီနာရီလေးလဲ အဲ့ဒီဆိုင်က ၀ယ်တာပါ။ ဈေးလဲ သက်သာပါတယ်နော်။ အဲ့ဒီဆိုင်လေးကို အဘူဒါဘီက ကျမရဲ့ ညီအကို မောင်နှမတွေ သွားဖြစ်ရင် ကိုယ်ကြိုက်တာတွေ့ရင် တခါတည်းဝယ်ပါ လို့မှာပါရစေ။ ဘာလို့လဲ ဆိုတော့ နောက်တခေါက်မှ ၀ယ်မယ်ဆိုရင် အဲ့ဒီပစ္စ္စ္စည်း မရှိတော့မှာ သေချာပါတယ်။ အဖြူတွေဆို လှည်းနဲ့ အပြည့်အမောက်ကို ၀ယ်ကြတာတွေ့တာပဲ။ ဘာရယ်တော့ မဟုတ်ပါဘူး ဒီက ညီအကို မောင်နှမတွေကို ဒီဆိုင်လေးကို သိစေချင်လို့ ဒီပိုစ့်လေး ရေးလိုက်တာပါ။

Friday, November 18, 2011

အိမ်မှာ ချက်စားဖြစ်တာလေးတွေ ( ၂ )

ပြီးခဲ့တဲ့ ၅ ရက်လောက်က ဖီးဖီး (အဘွားကို ကရင်လိုခေါ်သည်)ကို ဖုန်းလှမ်းဆက်ပြီး အုန်းနို့စားလို့ရပြီလား မေးတော့ စားလို့ရပြီဆိုတာနဲ့ မနေ့က အုံးထမင်းချက်စားဖြစ်တယ်။
မနက်စာ ငချိတ်ပေါင်းနှင့် လက်ဘက်ရည်
အုန်းထမင်း (တီဆွိနည်းအတိုင်းချက်ထားတယ်)
ကန်စွန်းရွက်ကြော်
ကြက်သားဟင်း
အအီပြေ ချဉ်စပ်ဟင်းရည်
 ဟင်းရည်ချက်နည်းလေးကတော့ အိုးတစ်အိုးနဲ့ ရေနွေးကိုအရင်ဆုံး ဆူအောင်တည်ပြီး ကြက်သားနဲ့ငါးကို ထည့် ပြီးရင် မရမ်းပြားအခြောက် စပါးလင် ဆား ဟင်းခတ်မှုန့် ငံပြာရည် အားလုံးရောထည့် ခဏနေရင် ပဲပြားထည့်ပြီး နဲနဲ ထပ်တည်ထား ဟင်းအိုးချခါနည်းရင် ငါးရုတ်သီးစိမ်းကို အလည်ကနေ ထပ်ခြမ်းခွဲထားတာလေးတွေ ထည့်ပြီး စားလို့ရပါပြီနော်..မရမ်းပြားမရှိရင် မကျည်းသီးမှဲ့နဲ့လဲ ချက်လို့ရပါတယ်။ ကျမအဘွားဆို အသက်ကြီးတော့ ဆီပြန်ဟင်းတွေ မစားချင်ရင် ကြက်ဆိုလဲ အကောင်လိုက် ငါးဆိုလဲ သေးရင်အကောင်လိုက် နဲနဲကြီးရင် ၂ပိုင်း ၃ပိုင်း ပိုင်းပြီး အဲ့လိုပဲ ချက်သောက်ပါတယ်။ အဲ့လိုချက်တာ ကျမ အရမ်းကြိုက်ပါတယ်။
ကျောက်ပွင့်သုတ်ပါ