ပြီးခဲ့တဲ့ အပတ်က Eid ပိတ်ရက်နဲ့ ရုံးပိတ်ရက် ပေါင်းပြီး ရုံး ၄ရက်ပိတ်တယ်။ ရှင်မိုးရည်တို့ကျောင်းက ၁၀ရက် ပိတ်တယ်။ ကလေးကလဲ ၄လပြည့်ပြီးပြီ ဆိုတော့ ဘယ်သွားရင်ကောင်းမလဲ စဉ်းစား၏။ တခြားလူတွေစုပြီး Fujairah သွားကြမည်။ ကျမတို့က ရောက်ဖူးပြီးသား Fujairah ဆို ကလေးငယ်လေးနဲ့ဆို သွားရမှာလဲ ဝေးတာမို့ မလိုက်တော့ပါဘူး။ မေကြီးကတော့ မရောက်ဖူးသေးတာနဲ့ ရှင်မိုးရည်နဲ့ မြေးအဘွား ၂ယောက် သွားကြတယ်။ ပြီးခဲ့တဲ့ သောကြာကပေါ့ ... ပြန်ရောက်တော့ ည ၁၂နာရီထိုးပြီ။စနေနေ့ ညနေကြတော့ မေကြီးကို ဒူဘိုင်းသွားကြမယ် သွားနိုင်လားဆိုတော့ သွားလေဆိုတာနဲ့ ညနေ၄နာရီလောက် အဘူဒါဘီက စထွက်ကြတယ်။
ဒီမှာက မူဆလင်နိုင်ငံဆိုတော့ ရုံးပိတ်ရက်ကို သောကြာ စနေ ပိတ်ပါတယ်။ တရက်ထဲ ပိတ်တဲ့သူတွေဆို သောကြာနေ့ ပိတ်တာပေါ့။ အစီအစဉ်က ဒီည Global Village သွားမယ် ဒူဘိုင်းမှာ တညအိပ်မယ် နောက်နေ့ လျောက်လည်ပြီးမှ ပြန်လာမယ်ပေါ့။ ဒါနဲ့ ညနေ၄ နာရီလောက်က ထွက်သွားလိုက်တာ ဒူဘိုင်းက သူငယ်ချင်းအိမ်ကို ညနေ ၆နာရီရောက်တယ်။ ညနေသာပြောပါတယ် ဆောင်းဝင်လာတော့ မှောင်နေပြီ အရင်ကဆို ၇နာရီတောင် လင်းနေတုန်း။ ရောက်တာနဲ့ ဘာချက်လဲ ဗိုက်ဆာတယ်ဆိုပြီး ပြောတော့တာပဲ။ ဒီလို ဧည့်သည်မျိုး လက်ခံတာ ကျေးဇူးတင်ရမယ်။ ဆာတာပေါ့နော် နို့တိုက်မိခင်ပဲ ဒီလောက်တော့ ရှိမှာပေါ့.... အဲ့ဒါနဲ့ ဆိုင်က မှာကျွေးတော့တာပဲ။ စားစရာတွေ ရောက်တာနဲ့ ဘယ်သူမှ မစားသေးဘူး အရင်ဆုံးစားလိုက်တယ်။
စားသောက်ပြီးတော့ Global Village ကို ကျမတို့မိသားစု ၅ ယောက်ရယ် ဒူဘိုင်းက သူငယ်ချင်း ၄ ယောက်ရယ် ချီတက်ကြပါတယ်။ အိမ်ကို ည ၁နာရီထိုးခါနီးမှ ပြန်ရောက်ပါတယ်။ သူငယ်ချင်းအိမ်မှာပဲ အားလုံး စုပြီး အိပ်ကြပါတယ်။ ဒူဘိုင်းမှာ ဟိုတယ်တွေတော်တော်များပါတယ်။ တခုမှ မအိပ်ဖူးပါဘူး။ ဟိုတယ်ထက်ကောင်းတဲ့ သူငယ်ချင်း အိမ်ရှိနေတာကိုး :)
အ၀င်ဝတွင် မမရှင်ပျောက်သည်။ အပေါ်ကပုံကို မဲရိုက်နေ၍ ဖြစ်သည်။ ပူထူသွားသည်။ သူ့အဖေပြန်တွေ့တော့ လင်မယား၂ယောက်က သူ့လက်တဖက်ဆီကို ဆွဲလို့ သူကတော့ ကုပ်ကုပ်လေး လိုက်လာသည်။ သူ့အဖေက သွားဆွဲမှ ငိုတော့သည်။ တော်သေးသည် ဒီအချိန် လူနည်းသေးလို့။ ပြန်များမတွေ့ခဲ့ရင်တော့ ဘယ်လိုလုပ်ရပါ့ ??? !! :(
အ၀တွင် မိုးပျံပူဖောင်း ၀ယ်ပေးလိုက်သည်။ သူ့ကို ရှာရလွယ်ရန်ဖြစ်သည်။ မ၀ယ်ပေးရင်လဲ ဂျီကျမယ်လေ..
ဘယ်နိုင်ငံလဲ မမှတ်မိပါ။ ဓါတ်ပုံတွေရိုက်ထားသော်လဲ ၀ါးနေသည်ဟုဆိုကာ ဖျက်ပစ်သူက ဖျက်လိုက်သောကြောင့် ဖြစ်ပါသည်။
မှတ်ချက်။ ။ပုံတွေ တင်ချင်သေးသောကြောင့် ဆက်ရန်ကျန်ပါသေးသည်။
ဒီမှာက မူဆလင်နိုင်ငံဆိုတော့ ရုံးပိတ်ရက်ကို သောကြာ စနေ ပိတ်ပါတယ်။ တရက်ထဲ ပိတ်တဲ့သူတွေဆို သောကြာနေ့ ပိတ်တာပေါ့။ အစီအစဉ်က ဒီည Global Village သွားမယ် ဒူဘိုင်းမှာ တညအိပ်မယ် နောက်နေ့ လျောက်လည်ပြီးမှ ပြန်လာမယ်ပေါ့။ ဒါနဲ့ ညနေ၄ နာရီလောက်က ထွက်သွားလိုက်တာ ဒူဘိုင်းက သူငယ်ချင်းအိမ်ကို ညနေ ၆နာရီရောက်တယ်။ ညနေသာပြောပါတယ် ဆောင်းဝင်လာတော့ မှောင်နေပြီ အရင်ကဆို ၇နာရီတောင် လင်းနေတုန်း။ ရောက်တာနဲ့ ဘာချက်လဲ ဗိုက်ဆာတယ်ဆိုပြီး ပြောတော့တာပဲ။ ဒီလို ဧည့်သည်မျိုး လက်ခံတာ ကျေးဇူးတင်ရမယ်။ ဆာတာပေါ့နော် နို့တိုက်မိခင်ပဲ ဒီလောက်တော့ ရှိမှာပေါ့.... အဲ့ဒါနဲ့ ဆိုင်က မှာကျွေးတော့တာပဲ။ စားစရာတွေ ရောက်တာနဲ့ ဘယ်သူမှ မစားသေးဘူး အရင်ဆုံးစားလိုက်တယ်။
စားသောက်ပြီးတော့ Global Village ကို ကျမတို့မိသားစု ၅ ယောက်ရယ် ဒူဘိုင်းက သူငယ်ချင်း ၄ ယောက်ရယ် ချီတက်ကြပါတယ်။ အိမ်ကို ည ၁နာရီထိုးခါနီးမှ ပြန်ရောက်ပါတယ်။ သူငယ်ချင်းအိမ်မှာပဲ အားလုံး စုပြီး အိပ်ကြပါတယ်။ ဒူဘိုင်းမှာ ဟိုတယ်တွေတော်တော်များပါတယ်။ တခုမှ မအိပ်ဖူးပါဘူး။ ဟိုတယ်ထက်ကောင်းတဲ့ သူငယ်ချင်း အိမ်ရှိနေတာကိုး :)
အဘူဒါဘီက အထွက် |
ဓါတ်ဆီဆိုင်ဝင် Salik ၀ယ်သည် |
ဒူဘိုင်းဝင်ခါနီး |
Dubai Metro Station & railway |
ဒူဘိုင်း ရောက်ပြီ... |
Global Village ကားပါကင်မှာ |
Global Village သို့ အ၀င် |
Hello Kitty ၀ယ်နေသည်။ |
လှေလဲ စီးလို့ရတယ်... |
မိသားစုနှင့် အမှတ်တရ အမေက ပိုချောသည်ဟု ပြောမှာသေချာသည်။ |
ဒီကုလားကြီးဆီက အားပေးကြသည် ကျမတော့ မမြည်းကြည့်လိုက်ပါ :) |
ဒီဆိုင်က ဖန်စီလေးတွေ အရမ်းလှပါသည် ကြိုက်သည် မ၀ယ်ပါ ( ကပ်စေးနဲကာ တွေဝေနေ၍ဖြစ်သည် ) |
မှတ်ချက်။ ။ပုံတွေ တင်ချင်သေးသောကြောင့် ဆက်ရန်ကျန်ပါသေးသည်။
No comments:
Post a Comment