Sunday, November 13, 2011

အားလပ်ရက် အပန်းဖြေခရီး ၂ (Global Village)

ဒီမုန့်လေးတွေ ၀ယ်စားခဲ့တယ်

အပြင်အဆင်လေး သဘောကျလို့ ..

လူတော်တော် နည်းသေးတယ်
 အခုမှ ဖွင့်စဆိုတော့ လူပါးတယ်။ ဒီဇင်ဘာ ဇန်န၀ါရီလောက်ဆို လူအရမ်းများတယ်။ အဲ့ဒီအချိန်ဆို အရမ်းလဲ အေးနေပြီလေ။ ဒီနှစ် ဇန်န၀ါရီလက တခေါက်ရောက်သေးတယ်။ အဲ့ဒီတုန်းက လူအရမ်းများတယ်။
Europe ထဲမှာ Cosmetics တွေ 70 % တောင် Discount ချတယ် အရမ်းတန်တယ် မ၀ယ်ဘူး မသုံးတတ်လို့လေ :)

သမီးလေးတောင် ပင်ပန်းလို့  အိပ်ပျော်နေတယ်

ကော်ဇောတွေလဲ ရောင်းတယ်

တွေ့ တာအကုန်လျောက်ရိုက်လာတယ်

ကြယ်သီးတွေနဲ့ ခြုံထည် ၀ယ်ခဲ့တယ်

ိ
ဒီခြုံထည်ကို မေကြီးဝယ်တယ်

ဝါးတွေနဲ့ လုပ်တဲ့ အရုပ်တွေ (တရုတ်)

အာဖရိက

အာဖရိက ရိုးရာ ပစ္စည်းတွေ

ကင်ညာက ကော်ဖီမှုန့် တထုပ်ဝယ်ခဲ့တယ်

ယိုးဒယား

ထိုင်း တုံယမ်း အရမ်းကောင်းတယ်

သူငယ်ချင်းတွေ သောက်နေကြတယ်

မြင်သာမြင်ရ မသောက်ရပါဘူး :(
ကလေးတွေနဲ့လဲဖြစ် ကိုယ့်ဝိတ်ကြီးကို ခြေဖ၀ါးတွေက မခံနိုင်တော့ အသားကြေသလိုတောင်ဖြစ်နေလို့ စုံအောင် မသွားခဲ့ဘူး ။ ကစားကွင်းဘက်တောင် မရောက်ခဲ့ဘူး။ Global Village ရောက်ဖြစ်ရင် ထိုင်းတုံယမ်း ဟင်းချိုလေး သောက်ကြည့်ပါလို့ .. ရာသီဥတုအေးအေးလေးနဲ့ တုံယမ်းချဉ်စပ် ပူပူလေးနဲ့ အရမ်းလိုက်ပါတယ်။ ကျမတို့ သွားတဲ့အချိန်ကတော့ သိပ်မအေးသေးပါဘူး။ သူငယ်ချင်းအိမ်ပြန်ရောက်တော့ အ၀တ်အစားလဲပြီး အိပ်ကြတယ်။

No comments: