Tuesday, April 17, 2012

နှစ်သစ်မှာ.......

ဒီနေ့ မြန်မာနှစ်ဆန်းတရက်နေ့မှာ ကျွန်မတို့ မိသားစု မြန်မာပြည်ကို ပြန်ကြပါမည်။ ယူအေအီးမှ မိတ်ဆွေများကို နှုတ်ဆက်ခဲ့ပါတယ်နော်။ ဒီနိုင်ငံမှာ နေခဲ့တဲ့ ၃နှစ်အတွင်း မိတ်ဆွေကောင်းတွေ အများကြီးရခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။ ကိုယ့်နိုင်ငံ ကိုယ်ပြန်ရတာ ၀မ်းသာပေမယ့် မိသားစု ခွဲနေရမှာကိုတော့ တကယ်စိတ်မကောင်းဘူး။ ကျမတို့သားအမိတွေက မြန်မာပြည်မှာ.. သမီးတို့အဖေက စလုံးမှာ... မနက်ဖြန်ဆို ရန်ကုန်ရောက်ပါပြီ..

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်.....

bye bye... UAE.

No comments: