Tuesday, September 27, 2011

သွန်းဆင့်မိုးရည်လေး ၃လ ပြည့်ပြီ.........

သမီးငယ်လေး လူ့လောကထဲရောက်လာတာ ဒီနေ့ဆို ၃လပြည့်ပြီနော်။ သမီးလေးက အရမ်းအေးတယ်နော်။ အသံမထွက်တော့ အိမ်မှာကလေးငယ်လေး ရှိတယ်လို့တောင်မထင်ရဘူး။ ကျန်းလဲကျန်းမာတော့ မေကြီး စိတ်မညစ်ရဘူးပေါ့။ သမီးလေး ၃ လပြည့်မှသည် နောင်လပေါင်းများစွာ နှစ်ပေါင်းများစွာထိ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အသက်ရှည်ရှည် နေနိုင်ပါစေ...........

မွေးကင်းစပုံ ( W = 3.4kg, H = 51cm )
8:35 AM တွင် မွေးသည်။
၁လပြည့်ပုံ (W=5kg, H=55cm) ယုံချင်ယုံ မယုံချင်နေ စကားအလွန်များသည်။


Sweet Potato ဟုခေါ်သည်။


၂လပြည့် (W=5.6kg, H=58cm) ပြုံးပြလျှင် ပြန်ပြုံးပြတတ်သည်။

၃လပြည့် ( W=7kg, H=59cm ) ၀မ်းလျားထိုးရန် ကြိုးစားနေပြီ။

W=Weight, H=Height

Monday, September 26, 2011

ချဉ်စပ်ခေါက်ဆွဲ

ခေါက်ဆွဲပြုတ်

ညက ခေါက်ဆွဲပြုတ်စား ဖြစ်တာနဲ့ အရင်က အကြောင်းတွေပါ သတိရသွားတယ်။ ချဉ်စပ်ခေါက်ဆွဲ ဆိုလို့ အထူးအဆန်းကြီးမှတ်နေအုံးမယ် ယမ်ယမ်ချဉ်စပ်ကို ပြုတ်စားတာ :)။ သမီးတို့အဖေ ရုံးကပြန်လာပြီး ခေါက်ဆွဲပြုတ်စားမယ်ဆိုတာနဲ့ ငါလဲစားမယ်လို့ပြောလိုက်တယ်။ အရင်က ဆို ကိုယ့်ဘာသာ လုပ်စားပေါ့လို့ ပြောချင်ပြောမှာ။ ခုတော့ ငါ့သမီးလေကို နို့တိုက်နေရတယ် ဆိုတဲ့စိတ်နဲ့ ဘာမှမပြောပဲ လုပ်ပေးတယ် :)။ ဒီလိုပဲ ညာစားနေတာ။ ခေါက်ဆွဲလောက်တော့ လူတိုင်းပြုတ်တတ်မှာဆိုတော့ ပြုတ်နည်းတော့ မရေးတော့ပါဘူး။ အခုပြုတ်စားတာက ယမ်ယမ်ချဉ်စပ်ကို မုန်လာဥနီ broccoli(ပန်းပွင့်အစိမ်း) ပုစွန် ကြက်ဥ နဲ့ပြုတ်စားပါတယ်။ ချဉ်ချဉ်စပ်စပ်လေး စားလို့ကောင်းတယ်။ မေကြီးမရှိလို့ ရှိရင် အဆူခံရမှာ။ ကလေးငယ်လေးနဲ့ကို အစပ်တွေစားလို့:)။ အရင်ကဆို ရန်ကုန်အိမ်မှာ တနင်္ဂနွေပိတ်ရက်တွေဆို ချက်ရပြုတ်ရမှာပျင်းလို့ ခေါက်ဆွဲပဲ ပြုတ်စားတာ။ တနင်္ဂနွေနေ့တိုင်း မောင်လေးလဲ အိမ်လာတတ်သလို အခင်ဆုံးသူငယ်ချင်းလဲ အမြဲလာတယ်။ အဲ့ဒါ လေးယောက်သား (အဲ့တုန်းက ကလေးမရှိသေးတော့ ဖြစ်သလိုပဲပေါ့) မုန့်ညှင်းဖူး ကြက်ဥ ကြက်သား(သို့)ပုစွန် နဲ့ခေါက်ဆွဲကို ပြုတ်ပြီး စားပွဲပေါ် အိုးလိုက်တင်ပြီး ထည့်စားတာ ပျော်စရာကြီး။ မှတ်မိသေးတယ် သမီးကြီးကိုယ်ဝန်နဲ့တုန်းကလဲ မောင်လေးက ချဉ်စပ်ခေါက်ဆွဲကို ကြော်ချက်လိုမျိုး မြေပဲ ကြက်ဥ ကြက်သား အသီးအရွက်တွေနဲ့ ချက်ကျွေးတာ အရမ်းကောင်းတာပဲ။ အဲ့တုန်းကလဲ ဗိုက်ကလေး ဗန်းပြပြီးတော့ လူတိုင်းကို လိုက်ညာခိုင်းနေတာ ဟီး။ ခုတော့ ဘယ်လိုအကြောင်းပြပြီး ညာခိုင်းရင် ကောင်းမလဲ စဉ်းစားလိုက်အုံးမယ်...

Wednesday, September 21, 2011

မတောင်းပဲပေးတဲ့ မင်းရဲ့လက်ဆောင်

မိန်းကလေးတိုင်းကတော့ ကိုယ်ချစ်တဲ့သူဆီက လက်ဆောင်လေးတွေ လိုချင်တတ်ကြမှာပါ။ အဖိုးတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ ရလာရင်တော့ ၀မ်းသာကြမှာပါပဲ။ တောင်းလို့ရတာနဲ့ မတောင်းပဲ ရတာတော့ ကွာမှာပေါ့နော်။ သမီးရည်းစားဘ၀တုန်းကများ မွေးနေ့ဆိုလဲမှတ်မိ လက်ဆောင်ဆိုတာလဲ တောင်းစရာမလိုခဲ့ဘူး။ အင်း အိမ်ထောင်သည်ဘ၀လဲ ရောက်ရော မွေးနေ့လဲမေ့ လက်ဆောင်ကိုလဲ ဘာဝယ်ပေးမှာလဲ မေးတာတောင် ကိုယ့်ဘာသာ ကြိုက်တာဝယ်ပေါ့တဲ့။ အဲ့လို အဲ့လို.... ဟင်း လက်ဆောင်ကို တောင်းမှရတာမျိုးလဲ မလိုချင် မတောင်းပဲနဲ့လဲ အလိုက်မသိနဲ့ တကယ်ကို စိတ်မောခဲ့ရပါတယ်။ အဓိကတော့ လက်ဆောင်လိုချင်တာမဟုတ်ပါဘူးနော် အလေးထားတာလေး ငါ့ကိုများ အရင်လို ဂရုစိုက်ပါလားဆိုတဲ့ ပီတိလေးကို လိုချင်တာပါ။ ဒါပေမယ့်လဲ မရခဲ့ပါဘူးနော်။ သနားလိုက်ပါတယ် ကိုယ့်ကိုယ်ကိုပဲ :( ။ အရင်တခေါက်ကတော့ အလုပ်ကိစ်စနဲ့ Uganda နိုင်ငံကို ခရီးထွက်တော့ မမှာပဲနဲ့ လက်ဆောင်ဝယ်လာပါတယ်။ လည်ဆွဲလေး ၂ခုပါ။ ဘာပဲဖြစ်ဖြစ် လည်ဆွဲတန်ဖိုးထက် အများကြီး ပျော်ပါတယ်။ မထင်မှတ်ပဲ ရတာ ဒီတခါ ပထမဆုံးပေါ့ (နောက်ဆုံးလဲ ဖြစ်ချင်ဖြစ်နိုင်သည်။)။ အဲ့လိုမျိုး မမျှော်လင့်ပဲ ပန်းလေးတပွင့်ပဲ ဖြစ်ဖြစ်ရချင်သေးပါတယ် ယောင်္ကျားရေ့။ လက်ဆောင်အတွက်လဲ ကျေးဇူးတင်ပါတယ်။ နောက်တခေါက် Kenya သွားတော့ လေဆိပ်က ဖုန်းဆက်တယ် သားရေပိုက်ဆံအိတ်တွေတွေ့တယ် ယူမလားတဲ့ သဘောပဲ ကောင်းမယ်ထင်ရင် ၀ယ်ခဲ့ဆိုတော့ ပါလာတယ်လေ။ မှာတာတွေလဲ ပါလာပါတယ်။ တောင်းလို့ရတဲ့ အရာနဲ့ မတောင်းပဲ ရတဲ့ အရာရဲ့ အဖိုးတန်မှုကတော့ အရမ်းကွာတယ်ဆိုတာ ခံစားဖူးရင် သိမှာပါ။ နောင်ရဖို့တော့ မမျှော်လင့်တော့ဘူး...... စိတ်ပင်ပန်းလို့။ မသိစိတ်တနေရာကများ မျှော်လင့်နေရင်တော့လည်း..........
လည်ဆွဲနှင့် သားရေအိတ်

Tuesday, September 20, 2011

My lovely daughters

Shinn Moore Ye & Thonn Sint Moore Ye
Shinn Moore Ye & Thonn Sint Moore Ye

Shinn Moore Ye & Thonn Sint Moore Ye

ဖီးဖီးနှင့် မြေးမလေးများ

သွန်းဆင့်လေးရဲ့ အပြုံး

မီးမီးက ဂတုံးလေးနဲ့လဲ ချစ်စရာလေးပါရှင်

စတိုင်အပြည့်နဲ့ မမရှင်

Me Froz (UAE)



Me Froz ဆိုတဲ့ဆိုင်ကို ကြော်ငြာပေးတာ ဟုတ်ဘူးနော်း)။ ယူအေအီးမှာ ရောက်နေကြတဲ့ ညီအကိုမောင်နှမတွေ အတွက် မြန်မာအစားအစာနဲ့ ထိုင်းအစားအစာတွေ ၀ယ်စားနိုင်အောင် ပြောပြပေးတာပါ။ အဘူဒါဘီက လူတွေတော့ အားလုံးနီးပါးသိမယ်ထင်ပါတယ်။ ဒီဆိုင်လေးမှာ မြန်မာငါးတွေတော်တော် များများရပါတယ်။ ငါးသလောက် ငါးကြင်း ငါးပျဉ်မ ငါးမွေဒိုး ငါးတွေနဲ့ တခြား ငါးဖယ်တို့ ငါးဘတ်တို့ပါတွေ့ရပါတယ်။ တခြားမမှတ်မိတော့တဲ့ ငါးတွေလဲ ရှိတယ်နော်။ မှတ်မိသလောက် ပြောပြတာ။ ငါးသလောက်ဥ တောင်ရပါတယ်နော်။ ဒါ့အပြင် မြန်မာပြည်ကလာတဲ့ ဘာလချောင်ကြော်လဲ တွေ့ရပါတယ်။ ထိုင်းအစားအစာတွေ ဖြစ်တဲ့ ခေါက်ဆွဲချဉ်စပ်တို့ ထိုင်းကထုတ်တဲ့ မျှင်ငါးပိ တန်ပူရာမှုန့် မျှစ်ချဉ် တို့လဲ ရနိုင်ပါတယ်။ တခါတလေ မကျည်းကျောက်ကျော ဖျော်သောက်တဲ့ ကျောက်ကျောဘူး လဲတွေ့ရပါတယ်။
အောက်က link ကိုနှိပ်ရင် location map ရပါမယ်နော်။
အယ်လိန်း၊ အဘူဒါဘီ၊ မူဆာဖာ၊ ရှားဂျာနဲ့ ဒူဘိုင်း တို့မှာ ဆိုင်တွေရှိပါတယ်။ ဒူဘိုင်းမှာက ဖွင့်တာမကြာသေးပါဘူး။ အဘူဒါဘီက ဆိုင်က Madinat Zayed Shoes Mart နားမှာပါ။ အဲ့ဒီနားမှာ Vegetable Market လဲရှိပါတယ်။ အဲ့ဒီ Vegetable Market မှာ ချဉ်ပေါင်ရွက် ကန်စွန်းရွက်များလဲ ရနိုင်ပါတယ်။

ငါးကြင်း ( Margal )

ငါးသလောက် ( Hilsa )

Thai food

Thai food

Thai food

 
Me Froz ( Abu Dhabi )

ဒီလို အခန်းတွေလဲ ကြော်ငြာထားတယ်

ဒူဘိုင်းမှာ ဖွင့်ပြီ။