Sunday, November 27, 2011

My lovely daughters (1)

Thoon & Shinn

Shinn

Shinn

Shinn

Shinn

Thonn

Thonn

Thonn

Thonn

၅လပြည့် အမှတ်တရ (Height=65cm, Weight=8kg)
ဒီနေ့ သမီးလေး ၅လပြည့်တယ်နော်။ ဒီလသမီးလေး ကိုယ်အလေးချိန်မတက်ဘူး။ နေမကောင်းဖြစ်သွားတာရော နို့မ၀တာရောပေါ့။ သမီးလေး သနားပါတယ်... အာဟာရမှုန့်နဲ့လဲ မတည့်ပြန်ဘူး။ အလာဂျီတွေဖြစ်တယ်။ သမီးလေကို ၆လပြည့်မှ ဆန်ပြုတ်တိုက်မယ် စိတ်ကူးထားတာ ခုတော့ မရတော့ဘူး မနက်ဖြန်ပဲ တိုက်တော့မယ်။ မေကြီးလဲ ဘယ်ဘ၀က ၀တ်ကြွးလဲ မသိပါဘူး ကိုယ့်ကလေးကိုတောင် နို့လုံလောက်အောင်တိုက်ဖို့ နို့မထွက်ဘူး။ စားသမျှ လူပဲဝလာတယ်။ သမီးလေးငါးလပြည့်တဲ့အချိန်မှာ ကောင်းကောင်း မှောက်နိုင်ပြီ၊ မှောက်တဲ့ အနေအထားကနေ ပက်လက်ပြန်လှန်နိုင်ပြီ၊ အရာဝတ္တုတွေကို ကိုင်နိုင်ပြီ၊ ဆံပင်လဲဆွဲတတ်ပြီ၊ သူ့ကို မခေါ်ပဲ ထွက်သွားရင်လဲ ငိုတတ်ပြီ။ သမီးလေး ၂ယောက်လုံး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေရင် မေကြီး ကျေနပ်ပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ကျန်းမာရေးတော့ ဂရုစိုက်ကြပါနော်။ စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ....

8 comments:

ဘေဘီ said...

နို့ထွက်အောင် နွားမြှီးဆိုလား ဆိတ်မြှီးဆိုလား စွပ်ပြုပ် သောက်ရတယ်ပြောတာပဲ။ နောက် ငှက်ပျောဖူးကို ပလာတူးငါးနဲ့ ဟင်းချိုလုပ်သောက်တာလည်း မြင်ဖူးတယ်။ နို့ထွက် ကောင်းအောင်လို့တဲ့ သောက်ကြည့်ပါလား။ သမီးလေးတွေက ချစ်စရာလေးတွေနော်။ ကိုယ့်တုန်းကတော့
ဘာတွေသောက်ခဲ့လည်း မမှတ်မိတော့ဘူးး)

mstint said...

သမီးလေးတွေက ချစ်စရာလေးတွေပါလားး)
မိခင်တစ်ယောက်အနေနဲ့ ရင်သွေးငယ် နို့မဝတာကို စိတ်မကောင်းဖြစ်မိမှာပဲ။ တီတင့်တုန်းကတော့ ဒန့်ဒလွန်ညွန့်ဟင်းခါး နေ့တိုင်းသောက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

nnym said...

အမဘေဘီ
ညီမက ခြေလေးချောင်းသား မစားတော့ ငှက်ပျောဖူးနဲ့ ပလာတူးငါးတော့ ပြုပ်သောက် ကြည့်အုံးမယ်။ ဒီမှာက တခါတလေမှ ငှက်ပျောဖူး ရောင်းတာတွေ့တယ်။ ခုလိုပြောပြပေးတာ ကျေးဇူးပါနော် :)

အန်တီတင့်
သမီးလေးနို့မ၀ရင် တခါတလေ မျက်ရည်တောင်ကျမိပါတယ်။ သမီးလဲ ဒန့်ဒလွန်ညွန့်ဟင်းခါးရော တခြားဟင်းခါးတွေရော နွားနို့ရော များများသောက်ပေမယ့် နို့ကတော့ ဒီတိုင်းပါပဲ။ သမီးကိုက နို့ထွက်နဲတယ် ပြောတာပဲ။ တီတင့်ရဲ့ ဘလော့ဂ်ရော တခြားဘလော့ဂ် တော်တော်များများကိုပါ အလည်ရောက်ဖြစ်ပေမယ့် comment မရေးဖြစ်လို့ပါ။ လာလည်တာ ကျေးဇူးပါနော် :)

rose said...

ရှင်မိုးရည်နဲ့ သွန်းဆင့်မိုးရည် နှစ်ယောက်လုံး သိပ်ချစ်ဖို့ ကောင်းတာပဲ။ အစ်မ သိပ်ကံကောင်းတယ်... သမီးလှလေး နှစ်ယောက်ကို ပိုင်ဆိုင်လို့လေ။ သမီးငယ်လေး ၅ လပြည့်မှသည် အမြဲတမ်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ထူးချွန်ထက်မြတ်တဲ့ အမျိုးကောင်းသမီးလေး ဖြစ်ပါစေလို့ အန်တီရို့စ်က ဆုတောင်းပေးသွားတယ်နော်။

Anonymous said...

ကလေး မျက်လုံးတွေက လှလိုက်တာ အမရယ်။
အမ ကံကောင်းလိုက်တာ
ညီမလည်း ကလေးဆို မိန်းကလေးဘဲ လိုချင်တယ်။
ကိုယ်ဝန်ဆောင်တုန်း အမစားတဲ့ အစာတွေ ကလေး ဂရုစိုက်တဲ့ အကြောင်းတွေ ရေးပေးပါလားအမ။
သမီး အကြီးလေးက ချောလိုက်တာ။ မိန်းကလေးဆို အဲလို ယောက်ျားလေးပုံလေးတွေဘဲ ကြိုက်တယ်။
အဲလို တီရှပ်လေးတွေဘဲဆင် အမ။
ဂါဝန်တွေက မျက်စေ့ရှုပ်တယ်။

nnym said...

ညီမ ရိုစ့်
သမီးတွေရဲ့ ကိုယ်စား အမက ကျေးဇူးတင်ပါတယ် နော် :)

Anonymous
အလည်လာတာ ကျေးဇူးနော်။ ကိုယ်ဝန်ဆောင်တုန်းက အစားအသောက် အနေအထိုင် အကြောင်း အဆင်ပြေတဲ့ အချိန် ရေးပေးပါမယ်နော် :)

Anonymous said...

သမီးတို့ မေမေရေ..
လာလည်ပါတယ်။ သမီးလေးတွေက သိပ်လှလွန်းလို့ မိဘတွေက လည်း လှပချောမောကြလိမ့်မယ်လို့ တွေးပြီး ပီတိဖြစ်မိပါတယ်။
ကျန်းမာပါစေ လို့ ။
အိုင်အိုရာ

nnym said...

thanks for your visit to my blog and gave a comment