Tchibo ဆိုင်လေးကို မိတ်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ အဓိက ဈေးသက်သာလို့ပါ။ ကျမနေတဲ့ မြို့မှာတော့ Tchibo(TCM) မှာ factory outlet တွေပဲရောင်းတာပါ။ ဒါကြောင့် ဈေးချိုပါတယ်။ ဈေးချိုပြီး ပစ္စည်းတွေလဲ ပေးရတာထက်တန်အောင် ကောင်းတယ်လို့ထင်ပါတယ်။ အိမ်သုံးပစ္စည်း၊ အ၀တ်အထည်၊ အရုပ်၊ အိတ်၊ မျက်မှန်၊ နာရီနဲ့ ဖန်စီပစ္စည်းလေးတွေ ရနိုင်ပါတယ်။ တခါတရံ furniture လေးတွေတောင်တွေ့ ရတတ်ပါတယ်။
ကျမ အမေဆို အဲ့ဒီဆိုင်ကပဲ အမြဲဝယ်ပါတယ်။ သူအကြိုက်ဆုံးကတော့ ပါဝါမျက်မှန်လေးတွေပါ။ အဲ့ဒီဆိုင်က မျက်မှန်ကိုင်းလေးတွေက ဖိုက်ဘာနဲ့ လုပ်ထားတာလေးတွေဆိုတော့ ပေါ့ပေါ့လေးတွေပါ။ မေကြီးက အဲ့ဒီမျက်မှန်လေးတွေ ၀ယ်ပြီး ဆိုင်မှာ မျက်စိစမ်းပြီး မှန်လဲပြီးတော့ သုံးပါတယ်။ ကျမ၀ယ်တာကတော့ ကလေး ပစ္စည်းတွေပေါ့။ အဲ့ဒီဆိုင်မှ မဟုတ်ပါဘူး ဘယ်ဆိုင်ဝယ်ဝယ် ကိုယ့်အတွက်မပါပဲ ကလေးတွေအတွက်ပဲ ပါလာတတ်တယ်လေ။
ဒီမှာက နာမည်ကြီးတံဆိပ်တွေဆို AED 100 အထက်ပေးရပါတယ်။ ကျမကတော့ ပေါချောင်ကောင်းကြိုက်လို့လားတော့ မသိဘူး အဲ့ဒီဆိုင်လေးကို သဘောကျပါတယ်။
ရောက်ခါစကတော့ အကြောင်းမသိသေးတော့ ၁၀၀ကျော်လဲဝယ် ၂၀၀လဲဝယ်နဲ့ ၀ယ်ပါတယ်။ ခုတော့ နေတာလဲ နဲနဲကြာ သူငယ်ချင်းတွေကလဲ ပြောတော့ discount ချတဲ့အချိန်ပဲ တနှစ်စာစုပြီး ၀ယ်ဖြစ်ပါတယ်။ ဒီမှာ sales ချတဲ့အချိန်တွေကတော့ တော်တော်များပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလကုန်ကနေ ဇန်န၀ါရီလကုန် အထိချတဲ့အချိန်က အတန်ဆုံးပါ နောက်ဆုံး sales ဆို 75% ထိချတတ်ပါတယ်။ TCM ကိုတော့ ရောက်တိုင်းဝင်ကြည့်မိမြဲ ကလေးတွေအတွက်တွေ့တိုင်း ၀ယ်မိပါတယ်။
အဘူဒါဘီမှာတော့ Khalidiya Mall, Mushrif Mall နဲ့ Abu Dhabi Mall နားက Abu Dhabi Co-operative မှာရှိပါတယ်။ ဒါက ကျမသိတဲ့နေရာတွေပါ။ ကျမ မသိသေးတဲ့နေရာတွေ မှာလဲ ရှိချင်ရှိနိုင်ပါတယ်။ Brands for Less ဆိုတဲ့နာမည်နဲ့လဲ Hamdan Street မှာတဆိုင် ရှိပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေကတော့ အတူတူပါပဲ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောက်ဖြစ်တော့ ၀ယ်ခဲ့တာလေးတွေပါ။
ဒီနာရီအကြောင်း ကြွားချင်လို့ ထည့်ထားတာ :) ကျမနဲ့ အမတယောက်နဲ့ ဆင်တူဝယ်ထားတာ။ တခါတည်း အတူတူ ၀ယ်တာတော့မဟုတ်ဘူး။ တရက် ကျမ သူငယ်ချင်းအိမ်သွားတော့ ဓါတ်လှေခါးထဲ အ၀င် ဓါတ်လှေခါးရဲ့ တံခါးက အလိုလိုပြန်ပိတ်တော့ ကျမညှပ်မိမလိုဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ဒီနာရီပတ်ထားတော့ နာရီနဲ့ ဓါတ်လှေခါး တံခါးတိုက်မိတယ် တော်တော်တော့ အရှိန်ပြင်းတယ် ကျမတောင် နဲနဲနာသွားတယ်လေ။ ငါ့နာရီတော့ ကွဲပြီထင်တယ်ဆိုပြီး ကြည့်လိုက်တာ မကွဲတဲ့အပြင် အက်လဲမအက်ဘူး ခြစ်ရာတောင် မထင်ဘူး။ အဲ့ဒါကို မြင်ပြီး အဲ့ဒီအမက ကြိုက်လို့ဆို သူလဲ သွားဝယ်တယ်လေ။ သူကျတော့ အဲ့ဒီနာရီဝတ်ပြီး ရေထဲကို မေ့ပြီးနာရီ မချွတ်ပဲ ဆင်းဆော့တာ လုံးဝ ရေမ၀င်ဘူးတဲ့။ ဒီနာရီလေးလဲ အဲ့ဒီဆိုင်က ၀ယ်တာပါ။ ဈေးလဲ သက်သာပါတယ်နော်။ အဲ့ဒီဆိုင်လေးကို အဘူဒါဘီက ကျမရဲ့ ညီအကို မောင်နှမတွေ သွားဖြစ်ရင် ကိုယ်ကြိုက်တာတွေ့ရင် တခါတည်းဝယ်ပါ လို့မှာပါရစေ။ ဘာလို့လဲ ဆိုတော့ နောက်တခေါက်မှ ၀ယ်မယ်ဆိုရင် အဲ့ဒီပစ္စ္စ္စည်း မရှိတော့မှာ သေချာပါတယ်။ အဖြူတွေဆို လှည်းနဲ့ အပြည့်အမောက်ကို ၀ယ်ကြတာတွေ့တာပဲ။ ဘာရယ်တော့ မဟုတ်ပါဘူး ဒီက ညီအကို မောင်နှမတွေကို ဒီဆိုင်လေးကို သိစေချင်လို့ ဒီပိုစ့်လေး ရေးလိုက်တာပါ။ကျမ အမေဆို အဲ့ဒီဆိုင်ကပဲ အမြဲဝယ်ပါတယ်။ သူအကြိုက်ဆုံးကတော့ ပါဝါမျက်မှန်လေးတွေပါ။ အဲ့ဒီဆိုင်က မျက်မှန်ကိုင်းလေးတွေက ဖိုက်ဘာနဲ့ လုပ်ထားတာလေးတွေဆိုတော့ ပေါ့ပေါ့လေးတွေပါ။ မေကြီးက အဲ့ဒီမျက်မှန်လေးတွေ ၀ယ်ပြီး ဆိုင်မှာ မျက်စိစမ်းပြီး မှန်လဲပြီးတော့ သုံးပါတယ်။ ကျမ၀ယ်တာကတော့ ကလေး ပစ္စည်းတွေပေါ့။ အဲ့ဒီဆိုင်မှ မဟုတ်ပါဘူး ဘယ်ဆိုင်ဝယ်ဝယ် ကိုယ့်အတွက်မပါပဲ ကလေးတွေအတွက်ပဲ ပါလာတတ်တယ်လေ။
ဒီမှာက နာမည်ကြီးတံဆိပ်တွေဆို AED 100 အထက်ပေးရပါတယ်။ ကျမကတော့ ပေါချောင်ကောင်းကြိုက်လို့လားတော့ မသိဘူး အဲ့ဒီဆိုင်လေးကို သဘောကျပါတယ်။
ရောက်ခါစကတော့ အကြောင်းမသိသေးတော့ ၁၀၀ကျော်လဲဝယ် ၂၀၀လဲဝယ်နဲ့ ၀ယ်ပါတယ်။ ခုတော့ နေတာလဲ နဲနဲကြာ သူငယ်ချင်းတွေကလဲ ပြောတော့ discount ချတဲ့အချိန်ပဲ တနှစ်စာစုပြီး ၀ယ်ဖြစ်ပါတယ်။ ဒီမှာ sales ချတဲ့အချိန်တွေကတော့ တော်တော်များပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလကုန်ကနေ ဇန်န၀ါရီလကုန် အထိချတဲ့အချိန်က အတန်ဆုံးပါ နောက်ဆုံး sales ဆို 75% ထိချတတ်ပါတယ်။ TCM ကိုတော့ ရောက်တိုင်းဝင်ကြည့်မိမြဲ ကလေးတွေအတွက်တွေ့တိုင်း ၀ယ်မိပါတယ်။
အဘူဒါဘီမှာတော့ Khalidiya Mall, Mushrif Mall နဲ့ Abu Dhabi Mall နားက Abu Dhabi Co-operative မှာရှိပါတယ်။ ဒါက ကျမသိတဲ့နေရာတွေပါ။ ကျမ မသိသေးတဲ့နေရာတွေ မှာလဲ ရှိချင်ရှိနိုင်ပါတယ်။ Brands for Less ဆိုတဲ့နာမည်နဲ့လဲ Hamdan Street မှာတဆိုင် ရှိပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေကတော့ အတူတူပါပဲ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောက်ဖြစ်တော့ ၀ယ်ခဲ့တာလေးတွေပါ။
မေကြီးကြိုက်တယ်ဆိုတဲ့ မျက်မှန် |
AED 21 |
အဖျားတိုင်းဖို့ သာမိုမီတာ AED 22 |
ထည့်ချင်တာထည့်ဖို့ Toys Bag (32 AED) |
သမီးကြီးအတွက် (29 AED) |
အေးလာပြီဆိုတော့ အနွေးထည်လိုပြီလေ |
AED 33 |
သမီးကြီး အတွက် |
AED 39 |
သမီးငယ် အတွက် |
AED 49 |
သမီးငယ် အတွက် |
AED 49 |
သမီးငယ် အတွက် |
မေကြီးဝယ်တာ ဖန်စီနားကပ်နှင့် ဆွဲကြိုး (AED 49) |
ဒါက အရင်ထဲက ၀ယ်ထားတာ AED 59 ထင်တယ်... |
No comments:
Post a Comment