ပြီးခဲ့တဲ့ ၅ ရက်လောက်က ဖီးဖီး (အဘွားကို ကရင်လိုခေါ်သည်)ကို ဖုန်းလှမ်းဆက်ပြီး အုန်းနို့စားလို့ရပြီလား မေးတော့ စားလို့ရပြီဆိုတာနဲ့ မနေ့က အုံးထမင်းချက်စားဖြစ်တယ်။
 |
မနက်စာ ငချိတ်ပေါင်းနှင့် လက်ဘက်ရည် |
 |
အုန်းထမင်း (တီဆွိနည်းအတိုင်းချက်ထားတယ်) |
 |
ကန်စွန်းရွက်ကြော် |
 |
ကြက်သားဟင်း |
 |
အအီပြေ ချဉ်စပ်ဟင်းရည် |
ဟင်းရည်ချက်နည်းလေးကတော့ အိုးတစ်အိုးနဲ့ ရေနွေးကိုအရင်ဆုံး ဆူအောင်တည်ပြီး ကြက်သားနဲ့ငါးကို ထည့် ပြီးရင် မရမ်းပြားအခြောက် စပါးလင် ဆား ဟင်းခတ်မှုန့် ငံပြာရည် အားလုံးရောထည့် ခဏနေရင် ပဲပြားထည့်ပြီး နဲနဲ ထပ်တည်ထား ဟင်းအိုးချခါနည်းရင် ငါးရုတ်သီးစိမ်းကို အလည်ကနေ ထပ်ခြမ်းခွဲထားတာလေးတွေ ထည့်ပြီး စားလို့ရပါပြီနော်..မရမ်းပြားမရှိရင် မကျည်းသီးမှဲ့နဲ့လဲ ချက်လို့ရပါတယ်။ ကျမအဘွားဆို အသက်ကြီးတော့ ဆီပြန်ဟင်းတွေ မစားချင်ရင် ကြက်ဆိုလဲ အကောင်လိုက် ငါးဆိုလဲ သေးရင်အကောင်လိုက် နဲနဲကြီးရင် ၂ပိုင်း ၃ပိုင်း ပိုင်းပြီး အဲ့လိုပဲ ချက်သောက်ပါတယ်။ အဲ့လိုချက်တာ ကျမ အရမ်းကြိုက်ပါတယ်။
 |
ကျောက်ပွင့်သုတ်ပါ |
|
| | |
4 comments:
ငချိပ်စားချင်လိုက်တား)
ဒါနဲ့ သမီးကြီးရဲ့ အပြုံးလေးက လှလိုက်တာနော်း)
ှုငချိပ်စားသွားပါနော်း) လာလည်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင် :)
ညီမလေးရေ
လင့်ခ်ပြန်ယူသွားတယ်နော်
ကျေးဇူးနော် မဘေဘီ :)
Post a Comment