Friday, November 18, 2011

အားလပ်ရက် အပန်းဖြေခရီး ၃ (Madinat Jumeirah)

မနက် အရင်ဆုံးနိုးသူကတော့ မမရှင်ပေါ့။ ၈နာရီထဲက နိုးနေတာ ပြန်အိပ်ခိုင်းတာလဲ မအိပ်ဘူး။ သူမအိပ်ပဲ တခြားသူတွေကို လိုက်နှောင့်ယှက်တော့ အားလုံးထကြရတာပေါ့။ မနက်စာစားရင်း ဘယ်သွားကြမလဲ တိုင်ပင်ကြတော့ Al Mamzer Beach Park သွားကြမယ်ပေါ့။ အဲ့လိုတိုင်ပင်နေတုန်း အဘူဒါဘီက ဂျူဂျူးတို့မိသားစုက ဖုန်းဆက်တယ် သူတို့လာခဲ့မယ်ဆိုတော့ အုပ်စုတောင့်သွားတာပေါ့။ ကမ်းခြေက နေ့လည်သွားရင် နေပူမှာစိုတော့ မသွားခင်တနေရာ အရင်သွားကြမယ်ဆိုပြီး Madinat Jumeirah ကိုရွေးလိုက်ပါတယ်။ ဒီလိုနဲ့ ပြင်ဆင်ကြပြီး ဂျူဂျူးတို့ မိသားစုကို စောင့်ပြီး အိမ်ကထွက်တော့ နေ့လည်၁နာရီကျော်နေပြီလေ... ဒီလိုနဲ့ Madinat Jumeirah မှာ ဓါတ်ပုံလေးတွေ အမှတ်တရ ရိုက်ကြပါတယ်။

Jumeirah သို့ အသွား
အောက်ကပုံလေးတွေက Medinat မှာရိုက်ထားတဲ့ပုံတွေပါ။











မမရှင်တို့က အရုပ်ဆိုင်တွေ့တာနဲ့ ပြေးဝင်တော့တာပဲ ....

ဒီဆိုင်မှာ နေ့လည်စာ စားကြတယ်

စားပြီးတော့မှ ဓါတ်ပုံရိုက်ဖို့ သတိရလို့ အကိုကြီးတယောက် ထမင်းစားနေတာကို အတင်း ရိုက်ခိုင်းတယ်။ တော်တော်ကို အလိုက်မသိတဲ့ ကျမပေါ့။ ရိုက်ခိုင်းမိပြီးမှ အားနာသွားတယ် :P

စားပြီးတော့ ဆက်ပြီး ဓါတ်ပုံ ရိုက်ကြတယ်













ဝင်ပေါက်ကို ပြန်အထွက်မှ ရိုက်ဖို့သတိရလို့
Jumeirah ပြီးတော့ Al Mamzer Beach Park ကိုဆက်သွားကြတယ်။

2 comments:

rose said...

လည်လည်သွားတဲ့ ဓာတ်ပုံလေးတွေ လှလိုက်တာ။ သမီးလေး ရယ်နေပုံလေးက သိပ်ချစ်ဖို့ကောင်းတာပဲ။ ငချိပ်ပေါင်းလည်း စားသွားတယ်နော်း)

nnym said...

ငချိပ်ပေါင်း စားသွားနော် ညီမလေး ရို့စ်။ လာလည်တာ ကျေးဇူးတင်ပါတယ် :)