အစားငမ်းတဲ့ ကောင်မလေးက သွန်းဆင့်ပါ။ ချိုချိုတိုက်ရင်တော့ မစို့ ချင်ပေမယ့် လူကြီးတွေ ဘာစားစား လိုက်ကြည့်ပြီးတော့ ပါးစပ်လေး လှုပ်ပြတတ်ပါတယ်။ သမီးလေးကို မိခင်နို့ရော နို့မှုန့်ပါတိုက်ပါတယ်။ သမီးကြီးရှင်မိုးရည်တုန်းက မိခင်နို့ရော နို့မှုန့်ပါ တွဲတိုက်တာ အဆင်ပြေပေမယ့် သမီးငယ်လေးကျတော့ အဆင်မပြေပါဘူး။ မွေးစကနေ ၁လအထိတော့ ၂ မျိုးလုံးသောက်ပေမယ့် နောက်ပိုင်း မိခင်နို့ပဲ သောက်ပါတော့တယ်။ ခက်တာက ကျမကလဲ နို့ကောင်းကောင်းမထွက်တော့ သမီးလေး နို့မ၀ရှာပါဘူး။ နို့ဘူးတိုက်ရင်လဲ လုံးဝမဆို့ပါဘူး။ နို့ဘူးမြင်တာနဲ့ကို ငိုတော့တဲ့အထိပါပဲ။ သူများတွေ အစားစားတာမြင်ရင်တော့ လိုက်ကြည့်ပြီး ပါးစပ်လေးလှုပ်ပြတတ်ပါတယ်။ အဲ့လိုမြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ကိုလဲ ကျွေးလို့မှမရတာ။ သူက ၃ လကျော်ပဲရှိသေးတော့ ဘာကျွေးရမယ်မှန်းကို စဉ်းစားလို့မရပါဘူး။ ဒါနဲ့ မဖြစ်သေးပါဘူး သွားရှာကြည့်အုံးမယ်ဆိုပြီး အာဟာရမှုန့်တွေ ရောင်းတဲ့နေရာကို သွားကြည့်တော့ ၄လကနေစစားလို့ရတဲ့ အာဟာရမှုန့် တွေ့လို့ဝယ်ကျွေးကြည့်တော့ စားပါတယ်။ သမီးလေး အာဟာရမှုန့် စစားတာ ၄လပြည့်ဖို့ ၈ရက်အလို ၁၉.၁၀.၂၀၁၁ ပါ။ သမီးကြီးငယ်ငယ်က ထမင်းမစားပဲ နို့များများစို့ပါတယ်။ ခုသမီးငယ်သွန်းဆင့်ကတော့ နို့မစို့ပဲ ထမင်းစားပါတယ်။ ၆လပြည့်တဲ့အထိတော့ အဟာရမှုန့်ပဲကျွေးပြီး ၆လကျော်မှ သမီးလေးကို ဆန်ပြုတ်ကျွေးပါမယ်နော်။
![]() |
သွန်းဆင့်ကို ဒါနဲ့ နို့မှုန့်နဲ့ ရောကျွေးတယ် |
![]() |
စာအုပ်ကြည့်ရင်း စားတယ် |
![]() |
စားလဲစား ငိုလဲငို |
![]() |
၎လပြည့် အမှတ်တရ (Weight=7.74kg, Height=65cm) |
No comments:
Post a Comment