Tuesday, October 4, 2011

သမီးငယ်လေး သွန်းဆင့်မိုးရည်အတွက် ရက်၁၀၀ပြည့် မွေးနေ့လက်ဆောင်


ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓါစာရ၏ မိမိကိုယ်ကို သတိပေးလင်္ကာ စကားလွှာ-

၁။ နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမည်။
၂။ အနန္တငါး ဂုဏ်တော်များ ညွှတ်တွားကန်တော့မည်။
၃။ မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားရမည်။
၎။ သစ်ရင်းသစ်ရင်း လျော့ယိုယွင်း ဂုဏ်ဆင်းသတိထားပါမည်။
၅။ တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ်။
၆။ ပြိုင်မည့်အစား မေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၇။ ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်သည်။
၈။ နိုင်မည့်အစား ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၉။ ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာ ယိုင်တတ်သည်။
၁၀။ ယိုင်မည့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၁၁။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မည်။

အခုအချိန်မှာတော့ သမီးလေး နားလည်သေးမှာမဟုတ်ပေမယ့် နားလည်နိုင်တဲ့အရွယ်ရောက်ရင် သမီးအတွက် အကျိုးရှိမှာပါ။

No comments: