Thursday, October 13, 2011

သမီးကြီး ရှင်မိုးရည် နှင့် အပြောင်းအလဲ

သမီးလေးရဲ့ ဖေဖေ ခရီးသွားနေတဲ့ အချိန်မှာ သမီးလေး ကျောင်းကို မေကြီးနဲ့ပဲ သွားရတယ်နော်။ ဒါလေးကို အမှတ်တရ အနေနဲ့ မေကြီးဓါတ်ပုံလေးတွေ ရိုက်ထားပေးတာပါ။ ကျောင်းကို သွားတဲ့ ပုံလေးတွေနော်။ ကျောင်းကအပြန်ကို မေကြီးက ကားတခါတည်း ငှားလာတော့ သမီးလေး မပင်ပန်းဘူးပေါ့။


ဒီနေ့ကျောင်းမှာ ရေကစားရမှာမို့ ကျောင်းဝတ်စုံအောက်က
ရေကူးဝတ်စုံတခါတည်း ၀တ်ပေးရတယ်။


အိမ်က စထွက်ပြီ ပါးပါးနဲ့ဆို သမီးလေးကို ချီပြီးဆင်းတာနော်။

ဒီလို လမ်းအဝေးကြီးလဲ လျှောက်ရတယ်။

ကားစောင့်ပြီးလဲ တားရသေးတယ်။


ကားပေါ်မှာ သီချင်းလဲနားမထောင်ရဘူး ဂိမ်းလဲဆော့ရဘူး :(

ကျောင်းရောက်တော့လဲ ပျော်နေတာပဲနော်။ ကျောင်းပျော် မပျော်တော့မသိဘူး ကျောင်းမှာ Happy smile girl ဆိုတဲ့ နာမည် ရထားတာနော်။

မနက်ဖြန်ဆို ဖေကြီးပြန်ရောက်ပြီနော်။ သမီးလေး မပင်ပန်းရတော့ပါဘူး။

ကျောင်းမှာ သမီးလေးပျော်တယ်ဆိုလို့ မေကြီး ကျေနပ်ပါတယ် သမီးလေးရေ.. ဒီအရွယ်မှာ ကျောင်းနေပျော်ဖို့ အရေးကြီးတယ်လေနော်။ သမီးလေး ကျောင်းမှာ မပျော်ရင် မေကြီးလဲ စိတ်ညစ်နေရမှာ။ သမီးလေး ကျန်းမာ ပျော်ရွှင်တဲ့ ဘ၀လေးကို တသက်လုံး ပိုင်ဆိုင်နိုင်ပါစေ။

Wednesday, October 12, 2011

တနေ့တာ စားဖွယ်ရာ

နေ့တိုင်းတော့ စားနေတာပဲနော်။ ဒီနေ့မှ ပျင်းလို့ စိတ်ကူးပေါက်ပြီးတင်ကြည့်တာ။ ကိုယ်တိုင်ချက်တာတော့ မဟုတ်ဘူး အမေ့လက်ရာပါ။
ထမင်းလိပ် ငါးရံ့ခြောက် နှင့် ကော်ဖီ
ထမင်းလိပ်ကို ဘုရားဆွမ်းတော်ကပ်ပြီး မနက်စာစားသည်။ နေ့လည်နှင့် ညနေပါ ထပ်စားသည်။ ထမင်းလိပ်လေးစားလိုက် ငါးခြောက်လေးကိုက်လိုက် ကော်ဖီလေးသောက်လိုက်နှင့် အလွန်စားလို့ ကောင်းသည်။ အစားအသောက်ပျက်နေတာလေ :)

ထမင်း ကန်စွန်းရွက်ချဉ်ရည် ငပိရည် ကြက်ခြေထောက်နှင့်အာလူးဟင်း
ဒါတွေအားလုံးလဲ ကျမ အကြိုက်ပေါ့။ ကြိုက်ရင် စားသွားပါနော် :)

Tuesday, October 11, 2011

မမုန်းပါ.............

 သမီးလေးတို့ရေ..........
သမီးတို့ရဲ့ ဖိုးဖိုး မေကြီးရဲ့ ဖေဖေက ပြောဘူးတယ်။ သမီး ဘယ်သူ့ကိုမှ မမုန်းပါနဲ့တဲ့။ မုန်းရင် ရှုံးတာနဲ့ အတူတူပဲတဲ့။ ဒါကြောင့် သမီးတို့လဲ ဘယ်သူ့ကိုမှ ဘာအတွက်နဲ့ မှ မမုန်းမိစေနဲ့နော်။ ဥပမာ သမီးက လူတယောက်ကို မုန်းနေပြီဆိုပါတော့ အဲ့ဒီအချိန်မှာ သမီးစိတ်ထဲ ဘယ်လိုခံစားနေရမလဲ ဆိုတာ စဉ်းစားကြည့်ရအောင်။ သမီးစိတ်ထဲမှာ အဲ့ဒီလူအကြောင်းကိုပဲ တွေးနေမယ် သတ်ပစ်ချင်တယ် ရိုက်ချင်တယ် ဒါမှမဟုတ်တခုခုလုပ်ချင်တယ်ဆိုပြီး တချိန်လုံး စိတ်ဆင်းရဲနေရမယ်။ အဲ့ဒီတော့ သမီးမှာ အကုသိုလ်တွေ စိတ်ဆင်းရဲခြင်းတွေ ပူပင်သောကတွေပဲ ပိုင်ဆိုင်နေတာပေါ့။ သမီးစိတ်ထဲ အဲ့လိုခံစားနေရတဲ့ အချိန်မှာ သမီးမုန်းနေတဲ့သူက ဘာလုပ်နေမလဲ လို့ သမီးတွေးကြည့်ပါ။ သူ ရုပ်ရှင်ကြည့်ချင်လဲ ကြည့်နေမယ် အပေါင်းအသင်းတွေနဲ့ လျောက်လည်ချင်လည်နေမယ် ဘုရားရှိခိုးချင်လဲ ရှိခိုးနေမယ်။ သမီးကသာ မုန်းလို့ စိတ်တွေဆင်းရဲပြီး မပျော်နိုင်ပေမယ့် သူကတော့ ပျော်နေတာလေ။ ဒါကြောင့် မုန်းတဲ့သူက စိတ်ဆင်းရဲနေပေမယ့် အမုန်းခံရတဲ့သူကတော့ ပျော်ရွှင်နေတာဆိုတော့ မုန်းတဲ့သူက ရှုံးနေတာပေါ့နော်။ အဲ့ဒီတော့ သမီးတို့လဲ ဘယ်သူ့ကို မှ မမုန်းပါနဲ့ကွယ်။ ကိုယ့်ကိုယ်ကိုလဲချစ်ပါ သူတပါးကိုလဲချစ်ပါ။ မေကြီးကတော့ သမီးတို့ဘိုးဘိုးရဲ့ ဆုံးမစကားကို ကြားပြီးထဲက ဘယ်သူ့ကိုမှ မမုန်းတော့ပါဘူး။

Tuesday, October 4, 2011

သွန်းဆင့်မိုးရည် ရက် ၁၀၀ ပြည့်မွေးနေ့အလှူ

ဒီနေ့ သမီးလေး လူ့လောကထဲ ရောက်တာ ရက် ၁၀၀ပြည့်တဲ့နေ့။ သမီးကိုမွေးမဲ့နေ့မနက်တုန်းကလိုပဲ အစောကြီးထ ဘုရားရှိခိုး သစ်သီးဆွမ်းကပ်ပြီး သမီးအတွက် ကောင်းမှုကုသိုလ်လေးတွေ လုပ်ပေးပါတယ်။ အလှူကိုတော့ မေတ္တာရှင်ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှတဆင့် သံဃာတော်များအား အာရုံဆွမ်းကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်ပေးပါတယ်။ ယခု ပြုရသော ကုသိုလ်ကောင်းမှုတို့ကြောင့် သမီးလေး အေးချမ်းသာယာတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ။

လှူဒါန်းလိုသူများ အောက်က links တွေကို ကြည့်ပြီးလှူဒါန်းနိုင်ပါတယ်ရှင်။

အလှူဓါတ်ပုံများ




ရက် ၁၀၀ ပြည့်အမှတ်တရ



သမီးလေး ရက်၁၀၀ပြည့် အလှူဖြစ်မြောက်အောင် ပံ့ပိုးပေးကြသော သံဃာတော်များ၊   မေတ္တာရှင်ဖောင်ဒေးရှင်း၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း နှင့် ဝေယျာဝစ္စလုပ်ပေးသူများ၊ မ၀ါဝါခိုင်မင်း၊ မောင်လေး ချမ်းဇော်နှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

သမီးငယ်လေး သွန်းဆင့်မိုးရည်အတွက် ရက်၁၀၀ပြည့် မွေးနေ့လက်ဆောင်


ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓါစာရ၏ မိမိကိုယ်ကို သတိပေးလင်္ကာ စကားလွှာ-

၁။ နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမည်။
၂။ အနန္တငါး ဂုဏ်တော်များ ညွှတ်တွားကန်တော့မည်။
၃။ မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားရမည်။
၎။ သစ်ရင်းသစ်ရင်း လျော့ယိုယွင်း ဂုဏ်ဆင်းသတိထားပါမည်။
၅။ တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ်။
၆။ ပြိုင်မည့်အစား မေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၇။ ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်သည်။
၈။ နိုင်မည့်အစား ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၉။ ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာ ယိုင်တတ်သည်။
၁၀။ ယိုင်မည့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၁၁။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မည်။

အခုအချိန်မှာတော့ သမီးလေး နားလည်သေးမှာမဟုတ်ပေမယ့် နားလည်နိုင်တဲ့အရွယ်ရောက်ရင် သမီးအတွက် အကျိုးရှိမှာပါ။

Monday, October 3, 2011

၃နှစ်သမီးလေး ရှင်မိုးရည် နှင့် ဂစ်တာ

My Guiter


My ဂစ်တာ





Me and My ဂစ်တာ

အကြိုက်ဆုံး ကဗျာ

ဘဝ
အငိုနဲ့ စ
အငိုနဲ့ ဆုံး
ဘ၀ နိဂုံး
နာမည် တစ်လုံး
မဆုံးပါစေနှင့်။ 

ကဗျာရေးသူအမည် မမှတ်မိတော့ပါ။ ဆယ်ကျော်သက်အရွယ်ထဲက စိတ်ထဲစွဲနေသည့် ကဗျာလေးပါ။