၂၇.၀၃.၂၀၁၂ နေ့က သမီးလေး သွန်းဆင့် ၉လပြည့်ပါတယ်။ ၉လပြည့်ချိန်မှာ သူ့ဘာသာသူ ထိုင်တတ်ပြီ။ 05.03.2012 မှာ ပထမဆုံးအကြိမ် ထထိုင်တယ်။ အပေါ်သွားလေးတချောင်းလဲ ထပ်ထွက်လာတော့ သွားလေး၃ချောင်းရှိပါပြီ။ ၀မ်းလျားထိုးပြီး တအိမ်လုံးသွားနေတော့တာပဲ။ ခပ်မြူးမြူး သီချင်းသံလေးတွေ ကြားရင် ကိုယ်လေးလှုပ်ပြီး ကတယ်။ သူ့အဖေရုံးက ပြန်လာရင်လဲ သူ့အဖေဆီသွားမယ် တကဲကဲ အဲ့ဒီအချိန် သူ့အဖေမချီလို့ကတော့ ငိုပြီပဲ။ ရုံးသွားရင်လဲ လိုက်ချင်တယ် သူ့အဖေရုံးသွားလို့ တံခါးပိတ်လိုက်တာနဲ့ကို ငိုတော့တာပဲ။ သူ့အမနဲ့လဲ ကစားစရာတွေ လုနေပြီ။ အမသောက်တာ သောက်ချင်တယ် အမစားတာ စားချင်တယ်။ ခုလဲ သူ့အမနောက်ပဲ တကောက်ကောက်လိုက်နေတယ်။ ရင်ဘတ်တွေတော့ နာနေတော့မယ်။
ဒီလဆန်းက သူ့အဘွားပြန်သွားတော့ ညီအမ၂ယောက်လုံး အမေနဲ့ပဲဆိုတော့ ပျင်းနေကြတယ်။ အချိန်သိပ်မကျန်တော့ပါဘူး သမီးတို့ရယ် နောက်၃ပတ်ဆို မေကြီးတို့လဲ ရန်ကုန်ရောက်နေပါပြီ။ သမီးလေး ၉လပြည့် မွေးနေ့မှာ အန်တီငယ်က မွေးနေ့ကိတ်နဲ့ KFC က ကြက်ကြော်ဝယ်လာပြီး အိမ်မှာ Happy Birthday လုပ်ကြတယ်။ Happy Birthday လုပ်တဲ့အချိန်မှာ မွေးနေ့ရှင်က အိပ်ပျော်နေပြီ။ သမီးတို့အဖေ ရုံးက ပြန်လာမှလုပ်မယ်ဆိုပြီး စောင့်နေကြတာ သမီးက အိပ်ပျော်သွားတယ်။
အမှတ်တရပုံလေးတွေပါ။

မွေးနေ့ကိတ် |
အိပ်ပျော်နေတဲ့ မွေးနေ့ရှင် |
Happy Birthday လုပ်ရတာပျော်တဲ့ မမရှင် |
အန်တီငယ်နဲ့ မမရှင် |
အထဲမှာ ဘာမှမကျန်တော့ဘူး |
3 comments:
အားလုံးပျော်ရွှင်ကြပါစေ
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ။ အလည်လာလို့ ၀မ်းသာပါတယ် ကိုဆိုစီ :) .......
ဟဟဟ လှလိုက်တဲ့ အန်တီငယ်
လွမ်းလိုက်တာ ဟယ် ၊ဇော်မိုးဆန်း ယူအေအီးပြန်ရောက်တဲ့ ညနေက ညိုတို့ကိုစည်သူတို့နဲ့ရောက်သွားတယ်လေ အိမ်ရှေ့ရောက်တာနဲ့မျက်ရည်ကကျချင်ချင်အားလုံးဟာအမှတ်ရစရာတွေချည်းဘဲ ဒီလိုပါဘဲလေတွေ့ဆုံကြရတယ် ခွဲခွာကြရမယ် ဘာမှ တည်မြဲတယ်ဆိုတာမှမရှိတာ
Post a Comment