မတ်လ ၁၉ရက်နေ့ဟာ ကျွန်မရဲ့ မွေးနေ့ပါ။ လွန်ခဲ့တဲ့ ၂၉နှစ်ရဲ့မနက်ခင်းတခုမှာ လူ့လောကထဲကို ခေါ်ဆောင်ပေးခဲ့တဲ့ ဖေကြီးနဲ့ မေကြီးကို သမီး ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။ ကျွန်မရဲ့ ငယ်ဘ၀မှာ အဖေနဲ့ရော အမေနဲ့ပါ အတူမနေရပေမယ့်၊ မေကြီးက အဖေလိုရော အမေလိုပါ သမီးကို ချစ်သလို ဖေကြီးကလဲ အဖေလိုတမျိုး အမေလိုတဖုံ ဂရုစိုက်ခဲ့ပါတယ်။ ဖေကြီးနဲ့ မေကြီးရဲ့ ကျွန်မအပေါ်ထားတဲ့ မေတ္တာတွေဟာ ကမ္ဘာတည်သရွေ့ ရှိနေမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ ကျွန်မဟာ ရှင်သန်ခဲ့တဲ့ ကာလတလျှောက် မိဘတွေအပေါ် အေးစက်စက်နဲ့ စကားနဲခဲ့ပေမယ့်၊ ကျွန်မစိတ်ထဲမှာ ဖေကြီးနဲ့ မေကြီးကို အရမ်းချစ်တယ်ဆိုတာ သိကြလိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။
ဒီနှစ်ကျွန်မမွေးနေ့မှာ ထူးထူးခြားခြားဘာမှ မလုပ်ဖြစ်ပေမယ့် မေကြီးက ၀က်သားနဲ့ မျှစ်ချဉ်ဟင်းချက်ပြီး ဆွမ်းခံကိုယ်တော်တွေကို လောင်းလှူပေးပြီး ဖေကြီးက အိမ်ကဘုရားမှာပဲ ဘုရားပန်းနဲ့ သစ်သီးဆွမ်းတွေ ကပ်လှူပေးပါတယ်တဲ့။ သမီးမွေးနေ့ကို ခုချိန်ထိ မမေ့ပဲ ကုသိုလ်ကောင်းမှုတွေ လုပ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ သာဓုလဲ ခေါ်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ ဖေကြီးနဲ့ မေကြီးကို ကန်တော့ပါတယ်။ မွေးနေ့မနက်မှာ ဘုရားကို ခေါက်ဆွဲနဲ့ လိမ္မော်သီးပဲ ကပ်ဖြစ်ပါတယ်။
ညနေတော့ သမီးတို့အဖေက ရုံးကစောပြန်လာပြီး မိသားစု ညစာ သွားစားကြပါတယ်။ ညစာကျွေးတဲ့ သမီးတို့ အဖေကိုလဲ ကျေးဇူးတင်ပါတယ်။ ကျွန်မလို ခပ်ဆိုးဆိုး သူငယ်ချင်းရဲ့မွေးနေ့ကို မမေ့ပဲ ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများကိုလဲ ကျေးဇူးတင်ပါတယ်။ မွေးနေ့တနှစ်ရောက်ပြန်ပြီဆိုတော့ တနှစ်အသက်ကြီးလာပြီပေါ့ သမီးတို့အဖေကတော့ ကျွန်မကို အသက်သာကြီးလာတယ် မရင့်ကျက်လာဘူးတဲ့လေ။ ရင့်ကျက်လား မရင့်ကျက်လားတော့မသိဘူး သေဖို့တော့ တနှစ်ပိုနီးလာတယ်ဆိုတာတော့ သေချာပါတယ်။ သေဖို့ ဘာမှ မပြင်ဆင်ထားရသေးတာလဲ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် မနက်ခင်းတိုင်းကို အေးချမ်းစွာနဲ့ နိုးထချင်ပါတယ်။
လာလည်တဲ့ ပရိတ်သတ်ကြီးကို ညစာမစားခင် ရိုက်ထားတဲ့ ပုံလေးတွေနဲ့ပဲ ကျွေးပါရစေနော်။

![]() |
ကျွန်မလက်ရာ ပဲကြာဇံသုတ် |
ရေနွေးကြမ်း |
ကြက်သားနဲ့ပြောင်းဖူး စွပ် |
ဒင်းဆမ်း |
ကော်ပြန့်ကြော် |
ခေါက်ဆွဲကြော် |
ထမင်းကြော် |
အမဲသားဟင်း |
ထမင်း |
လက္ဘရည် |
စတော်ဘယ်ရီ မစ်ရှိတ် |
သမီးများနဲ့ ကျမ |
2 comments:
ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်း မြောက်များစွာကို ချစ်သော မိသားစု နှင့် အတူ ... ကျန်းမာ၊ ပျော်ရွှင်စွာ ရယူ ပိုင်ဆိုင်နိုင်ပါစေ ....
╔♫╗────────╔═╦╗─♫╗╔╗─╔╗─♥──
║╩╠═╦═╦═╦╦╗║╚╠╬╦╣╚╣╚╦╝╠═╦╦╗
║╦║╬║╬║╬║║║║╔║║╔╣╔╣║║╬║╬║║║
╚╩╩╩╣╔╣╔╬╗║♫═╩╩╝╚═╩╩╩═╩╩╬╗║
────♫╝╚╝╚═╝─────────────╚═♥
်မွေးနေ့ ဆုတောင်းလေးအတွက် ကျေးဇူးပါနော် အမ သက်နန္ဒာ :)
Post a Comment