ပလိန်းကိတ် စမ်းလုပ်စားဖြစ်တယ်။ ပထမတခါလုပ်တာ မီးများလို့ တူးသွားတယ်။ ခုတခါတော့ အဆင်ပြေတယ် အရသာလဲ ကြိုက်တာနဲ့ လုပ်နည်းလေး ဝေမျှပါတယ်။ လိုအပ်တာတွေရှိရင်လဲ ပြောပြကြပါအုံးနော် :) ယူကျူ့က ကြည့်ပြီးလုပ်ထားပါတယ်။
လိုအပ်သောပစ္စည်းများ
ကြက်ဥ - ၃လုံး (အခန်းအပူချိန်အတိုင်း)
နွားနို့ - ၃ဇွန်း (စားပွဲတင်ဇွန်း)
Vanilla Extract - ၁ဇွန်းခွဲ (လက္ဘရည်ဇွန်း)
Sifted cake Flour (or) All purpose Flour - 150g
White Sugar - 150g
Baking Powder - ၁ဇွန်း (လက္ဘရည်ဇွန်း)
ဆား - လက္ဘရည်ဇွန်း၎ပုံ ၁ပုံ
ဆားမပါတဲ့ ထောပတ် - 185g (အခန်းအပူချိန်အတိုင်း)
Baking Paper - အနည်းငယ်
-အရင်ဆုံး မုန့်ဖုတ်မယ့်ခွက် အတွင်းဘက် အောက်ခြေကို ထောပတ်အနည်းငယ်သုတ်ပြီး Baking Paper ကပ်ထားပါတယ်။
-ကြက်ဥ၊ နွားနို့၊ vanilla တို့ကို ခွက်တခုထဲတွင်ထည့်ပြီး ရောမွှေထားပါတယ်။
-Flour, white sugar, baking powder, ဆားတို့ကို တခြားခွက်ကြီးကြီးတခုထဲမှာ သမအောင်မွှေပြီး အခန်းအပူချိန်အတိုင်း အိအိလေးရှိနေမယ့် ထောပတ်ကို ထည့်ပြီး နယ်ပါတယ် (စက်ရှိတဲ့သူများ စက်နှင့်မွှေက လက်ညောင်းသက်သာပါမည်):)
-နယ်တာ သမသွားရင်တော့ ကြက်ဥအရောအရည်ကို တ၀က်ထည့်ပြီး ဇွန်းနဲ့ဆက်မွှေပါတယ်။ ကြက်ဥအရည်ကုန်တဲ့အထိ နဲနဲစီ ထည့်ပြီးဆက်မွှေပါတယ်။ ဂျုံသားချောသွားရင်တော့ မုန့်ဖုတ်မယ့်ခွက်ထဲ ထည့်ပြီး မျက်နှာပြင်ကိုညှိပါတယ်။
-Oven ထဲမှာ အပေါ်မီးအောက်မီးနဲ့ ၁၈၀ ဒီဂရီ စင်တီဂရိတ် ( C ) နဲ့ မိနစ် ၅၀ ကြာဖုတ်ပြီးရင်တော့ ပလိန်းကိတ်လေးရပါပြီ။
 |
အောင်မြင်သွားတဲ့ ကိတ်
|
 |
သုံးခဲ့တဲ့ ပစ္စည်းတွေ |
 |
Baking paper ကပ်ထားတာ |
 |
ကြက်ဥ၊ နို့၊ vanilla ရောမွှေထားတာ |
 |
Flour, white sugar, baking powder, ဆားနှင့် ထောပတ် ရောမွှေ |
 |
အားလုံးမွှေအပြီး |
 |
oven ထဲကို ထည့်ရန် |
 |
တူးသွားတဲ့ကိတ်ကို နောက်နေ့ကူးမှရတယ် |
 |
ဒါကတော့ ဒီတပတ်မှာ ထပ်လုပ်တာ |
No comments:
Post a Comment