Monday, December 19, 2011

Al Ain သို့အလည်တခေါက်

ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ၃ရက်နေ့အထိ ဒီနိုင်ငံရဲ့ နှစ်၄၀မြောက် National Day နဲ့ ရုံးပိတ်ရက်နဲ့ပေါင်းပြီး ပိတ်ပါတယ်။ တချို့ရုံးတွေကတော့ ၄ ရက်နေ့ထိပိတ်ပါတယ်။ ဒီနိုင်ငံကနေ အပြီးပြန်ဖို့ကလဲ နီးပြီဆိုတော့ မရောက်ဖူးသေးတဲ့ နေရာတွေ သွားမယ်ဆိုပြီး Al Ain Paradise ကို သွားကြပါတယ်။ Al Ain မြို့ဟာ UAE နိုင်ငံရဲ့ တခုထဲသော အိုအေစစ် ရှိတဲ့မြို့လို့လဲ ဆိုပါတယ်။ Al Ain မြို့လေးကို ကျမတော့ သဘောကျပါတယ်။ လူတွေအရမ်းမစည်ပဲ အေးအေးချမ်းချမ်းလေးနဲ့ နေချင်စရာကောင်းပါတယ်။ Al Ain ရောက်တော့ အဓိကသွားတဲ့ Al Ain Paradise က ဒီဇင်ဘာ ၁ရက်နေ့ဖွင့်မယ်ဆိုပြီး မဖွင့်သေးပါဘူး။ ဘာလို့လဲဆိုတာတော့ ပုံမှာသာ ကြည့်ကြပါ။ ဒါနဲ့ မထူးတော့ဘူးဆိုပြီး ရောက်ဖူးပြီးသားဖြစ်တဲ့ Al Ain Zoo နဲ့ Jabel Al Hafeet တောင်ပဲရောက်ခဲ့တယ်။

နေ့လည်စာကို Zoo ထဲက KFC မှာကပဲ ၀ယ်စားမယ်ဆိုပြီး သွားတာ ဆိုင်က ပိတ်ထားတယ်။ တခြားဆိုင်ဆိုလို့ snack တွေရောင်းတဲ့ဆိုင်ပဲ ရှိလို့ နေ့လည်စာကို snack နဲ့ပဲ ပြီးခဲ့ရတယ်။ Zoo ထဲမှာလဲ နှံ့အောင်မကြည့်ခဲ့ဘူး အားလုံးပင်ပန်းနေကြလို့။ ညစာကိုတော့ Al Ain Mall မှာစားခဲ့တယ်။ လမ်းကလဲ မသိ GPS လေးသုံးပြီး သွားရတော့ Al Ain Mall တောင် တော်တော်ကြီး ရှာယူခဲ့ရတယ်။ Jabel Al Hafeet တောင်ကတော့ တောင်ပေါ်ကနေ Al Ain မြို့ရဲ့ အလှကို ခံစားလို့ရတယ် Sun Set ကြည့်လို့ရတယ် ဓါတ်ပုံရိုက်လို့ရတယ်ပေါ့။ ဒါပေသိ တောင်ပေါ်တော့ရောက်ခဲ့ပါရဲ့ ကားပါကင် မရလို့ လှည့်ပြန်ခဲ့ရတယ်။ တောင်ပေါ်က ဆင်းပြီး တောင်ကပန်းလေးမှာတော့ ဓါတ်ပုံရိုက်ခဲ့တယ်။ တောင်ခြေမှာရှိတဲ့ ရေပူစမ်းကို သွားခဲ့ပေမယ့်လဲ လူတွေအရမ်းပြည့်နေလို့ ပေးမ၀င်လို့ လှည့်ပြန်ခဲ့ရပြန်တယ်။ တွတ်ပီ ကံမကောင်းဘူး :(  ရေပူစမ်းလဲ တခေါက်တော့ ရောက်ပြီးသားပါ။









 




























 











 

 



1 comment:

Anonymous said...

သမီးတွေချောတာ အမေကိုတူလို့ကိုး။ မျက်လုံး နှာတံတွေလှတယ်။
ဒီမှာစာလာဖတ်ရင် သမီးမိန်းကလေး လိုချင်တဲ့ရောဂါဖြစ်တယ်။
အဲလို သမီးချောချောလေးတွေနဲ့ နေရရင် ဘ၀ကတော်တော် နေပျော်မယ်။