Tuesday, February 28, 2012

သွန်းဆင့်မိုးရည် ၈လပြည့်မွေးနေ့ အမှတ်တရ


ဘာလိုလိုနဲ့ သွန်းဆင့်လေး ၈လတောင် ရှိသွားပြီ။  ၈လသာပြည့်သွားတယ် သူ့ဘာသူ ထပြီးမထိုင် တတ်သေးဘူး။  ပြနေကျ ဆရာဝန်ကို မေးတာတော့ ၈လကနေ ၉လအတွင်း ထိုင်မယ်ပြောတာပဲ။ မမတုန်းက ၆လကနေ ၇လအတွင်းကို ထိုင်တတ်နေပြီ။ သွားကတော့ နောက်ထပ်၁ချောင်း ထပ်ထွက်လာတော့ အားလုံးပေါင်း ၂ချောင်းပေါက်နေပြီ။ ကိုက်သလားလဲ မပြောနဲ့။ ဘိုင့်ဘိုင်လဲ လုပ်တတ်ပြီ။ လုပ်ခိုင်းတိုင်းတော့ မလုပ်ဘူး သူစိတ်ကြည်နေမှ လုပ်တယ်။  အဲသူအပြင်ထွက်ဖို့ တံခါးနားရောက်မှ လုပ်ခိုင်းလို့ကတော့ မလုပ်ရေးချမလုပ်ပဲ အပြင်ကိုပဲ ကြည့်ပြီး သွားဖို့ပြင်နေတာ။  ရွှေလက်ခုပ်လဲ တီးတတ်ပြီ။ မတီးခိုင်းလဲ သူ့ဘာသာ သဘောကျရင် တီးနေတာပဲ။ 

Baby walker ထဲ ထည့်ထားရင် တအိမ်လုံး လျှောက်သွားပြီး အမှိုက်ပုံးတွေ ပလပ်ပေါက်တွေ ဆွဲတော့တာပဲ။ လာမယ့်စနေနေ့ကျရင် သမီးတို့ ဖီးဖီး (အဘွား) ရန်ကုန်ပြန်တော့မယ်။ အဲ့ကျရင် သားအမိတွေ ဘယ်လိုဖြစ်ကျန်ခဲ့မလဲ မသိဘူး။ တလကျော်လောက်တော့ ဒီလိုပဲ နေရမှာပေါ့လေ (ထမင်းတော့ မငတ်လောက်ပါဘူး)။ နောက်တလကျော်ဆို ကိုယ်တို့လဲ ရန်ကုန်ပြန်တော့မယ်....
ဒီလလဲ မိမိသွန်းတို့ ထုံးစံအတိုင်း နှာစေးချောင်းဆိုး ဖြစ်လို့ (ဒီမှာ ရာသီဥတု အရမ်းဆိုးတယ်) ကိုယ်အလေးချိန် သိပ်မတိုးဘူး 175g ပဲတိုးတယ်။ ဆရာဝန်ကတော့ အရပ်ရှည်လာတယ်တဲ့ ကိုယ်အလေးချိန်မတိုးလဲ ကိစ္စမရှိဘူးတဲ့ သူက ၁၁လသား အရွယ်လောက်ရှိနေပြီတဲ့။
၈လပြည့် အမှတ်တရပုံ

မမနှင့်အတူ
အန်တီငယ် နှင့် ညီအမနှစ်ယောက်

Monday, February 6, 2012

ပလိန်းကိတ်

ပလိန်းကိတ် စမ်းလုပ်စားဖြစ်တယ်။ ပထမတခါလုပ်တာ မီးများလို့ တူးသွားတယ်။ ခုတခါတော့ အဆင်ပြေတယ် အရသာလဲ ကြိုက်တာနဲ့ လုပ်နည်းလေး ဝေမျှပါတယ်။ လိုအပ်တာတွေရှိရင်လဲ ပြောပြကြပါအုံးနော် :) ယူကျူ့က ကြည့်ပြီးလုပ်ထားပါတယ်။

လိုအပ်သောပစ္စည်းများ

ကြက်ဥ  - ၃လုံး (အခန်းအပူချိန်အတိုင်း)
နွားနို့     - ၃ဇွန်း (စားပွဲတင်ဇွန်း)
Vanilla Extract   - ၁ဇွန်းခွဲ (လက္ဘရည်ဇွန်း)
Sifted cake Flour (or) All purpose Flour    - 150g
White Sugar     - 150g
Baking Powder  - ၁ဇွန်း (လက္ဘရည်ဇွန်း)
ဆား       - လက္ဘရည်ဇွန်း၎ပုံ ၁ပုံ
ဆားမပါတဲ့ ထောပတ်  - 185g (အခန်းအပူချိန်အတိုင်း)
Baking Paper  - အနည်းငယ်

-အရင်ဆုံး မုန့်ဖုတ်မယ့်ခွက် အတွင်းဘက် အောက်ခြေကို ထောပတ်အနည်းငယ်သုတ်ပြီး Baking Paper ကပ်ထားပါတယ်။
-ကြက်ဥ၊ နွားနို့၊ vanilla တို့ကို ခွက်တခုထဲတွင်ထည့်ပြီး ရောမွှေထားပါတယ်။
-Flour, white sugar, baking powder, ဆားတို့ကို တခြားခွက်ကြီးကြီးတခုထဲမှာ သမအောင်မွှေပြီး အခန်းအပူချိန်အတိုင်း အိအိလေးရှိနေမယ့် ထောပတ်ကို ထည့်ပြီး နယ်ပါတယ် (စက်ရှိတဲ့သူများ စက်နှင့်မွှေက လက်ညောင်းသက်သာပါမည်):)
-နယ်တာ သမသွားရင်တော့ ကြက်ဥအရောအရည်ကို တ၀က်ထည့်ပြီး ဇွန်းနဲ့ဆက်မွှေပါတယ်။ ကြက်ဥအရည်ကုန်တဲ့အထိ နဲနဲစီ ထည့်ပြီးဆက်မွှေပါတယ်။ ဂျုံသားချောသွားရင်တော့ မုန့်ဖုတ်မယ့်ခွက်ထဲ ထည့်ပြီး မျက်နှာပြင်ကိုညှိပါတယ်။
-Oven ထဲမှာ အပေါ်မီးအောက်မီးနဲ့ ၁၈၀ ဒီဂရီ စင်တီဂရိတ် ( C ) နဲ့ မိနစ် ၅၀ ကြာဖုတ်ပြီးရင်တော့ ပလိန်းကိတ်လေးရပါပြီ။

အောင်မြင်သွားတဲ့ ကိတ်
သုံးခဲ့တဲ့ ပစ္စည်းတွေ

Baking paper ကပ်ထားတာ

ကြက်ဥ၊ နို့၊ vanilla ရောမွှေထားတာ

Flour, white sugar, baking powder, ဆားနှင့် ထောပတ် ရောမွှေ

အားလုံးမွှေအပြီး

oven ထဲကို ထည့်ရန်

တူးသွားတဲ့ကိတ်ကို နောက်နေ့ကူးမှရတယ်

ဒါကတော့ ဒီတပတ်မှာ ထပ်လုပ်တာ